Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

အဲဒီလူကြီး ........ အိမ်ပြန်သွားတဲ့နေ့ က


ငါတို့ကြောင့် ဟောဒီကမ္ဘာမြေကြီး ပတ်ကြားတောင် အက် ခဲ့ရဲ့လား
ကိုယ့်မျက်ရည် ကိုယ်သုံး တစ်ကမ္ဘာလုံး ပျော်စေချင်တဲ့ကောင်တွေ
သီချင်းသံက အဆုံးထိကြားနေရသလိုပဲ .......... အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ။
၉၆ပါးဟာ နှစ်ရှည်လာတာနဲ့ အမျှ ဂဏန်းမြင့်
မောင်ချောနွယ်ဆန်သွားတဲ့နောက် ကိုတိုးကြီး ပါသွားတယ်
သူတို့နောက် ခုဆို .....ကိုဆွေ ပါ ...... လိုက်တက်သွားပြန်ပြီ
ခရီးက နာရီပြန်ဘယ်နှစ်ချက် ထိုးသွားခဲ့ပြီလည်း
နောင်ကြီးရေ ..... ဒီအိုးက ကြီး ကြီး ၊ ငယ် ငယ် ခွဲ ပစ်လိုက်ရတာပါပဲ ..... ကွာ ။

ဘိုဟန်
 Monday, May 21, 2012 at 3:37am

No comments:

Post a Comment