Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

လူငယ် ( ၁ ) - ဘိုဟန်



သူမ ရဲ့ လမ်းကြောင်း နဲ့ မတည့်တဲ့ အခါ
လ ကို အော်ဆဲခဲ့ ............. ။

လှုပ်လိုက်တိုင်း အသံမြည်တယ်
ဒေါသက ဒေါသအလျောက်
မောဟက မောဟ အလျောက် ။

ဟေ့ရောင်
ခေါင်းလောင်းခေတ် နဲ့ အီမိုခေတ်
အတူတူ ၊ အနူနူ
ဘုံဆိုင်ကို အရင်ရောက်နှင့်သူက
သူရဲကောင်းပဲ ။

သွေးရဲရဲ သံရဲရဲ
သူရဲကောင်းတွေ ဆိုတာကလည်း
ငါတို့ခေတ်ဆိုးကြီးကို
ဘယ်သူ မှ အလဲမထိုးနိုင်ခဲ့ဘူး ။

Bo Han

No comments:

Post a Comment