ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Monday, April 22, 2013
လူငယ် ( ၂ ) - ဘိုဟန်
စိတ်ကိုယ် စိတ်နဲ့ပဲ ဖြေရှင်းလို့
အမေ့ ငိုချင်းရှည်ထဲ ခွေတဲ့အခါခွေတယ်
မူးတဲ့အခါ ဒဏ်ရာတွေပ်ါမော့ကြည့် ၊ အရသာခံ
ရွာအပြင်က ဒဏ်ရာရသားကောင်တွေနဲ့
တွေ့ တဲ့လမ်းကို ဓားထမ်းလျှောက်တယ်
ဘယ်သူ့ မျက်ခုံးမွှေးပေါ်မှ
စင်္ကြန်မလျှောက်ခဲ့တဲ့ကောင်
ကျောက်ခေတ် ၊ ကြေးခေတ်
သံခေတ်တဲ့ လှလိုက်တဲ့ အဓ္ဓိပါယ်တွေနဲ့ခောတ်
ဟောဒီလို နွားတွေခေတ်မှာ လူဖြစ်ရတဲ့ကောင်
ဟောဒီ လေဒီကြီးခေတ် မှာ လူကန့်လန့် ဖြစ်ရတဲ့ကောင်
ကပ်သီးကပ်သပ်မေးခွန်းတွေ ပါးစပ်မှာတပ်
အခမ်းအနားကို စတင်နေပါပြီ ။
ဘိုဟန်
Labels:
ကဗျာ - ဘိုဟန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment