ကြက်ခြေခတ်တွေက လစ်ရင်လစ်သလိုဝင်ထိုင်တတ်တဲ့
mouse နဲ့ကလစ်လိုက်တဲ့အတိုင်း ခဏခဏကလစ်နေတာ
ကျွန်တော်တောင့်ခံနိုင်ပါ့မလား ဆေးလိတ်တိုတွေအများအပြား
Livo Lin Fort တွေသောက်ရင်းရီဝေမှုဆီမျက်စောင်းထိုး
အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းနှင့်ရောဂါများကာကွယ်မယ့်ကဗျာဆိုတာ
Life အတွက်အရေးကြီးသလား သစ္စာအဖေါက်ခံရမှ
ရုပ်တုကိုဆက်သွယ်ရမဲ့ဖုန်းကအိမ်ရောက်လာတော့
အယူအဆကိုအဓိကထိုပြင် လိုမလိုဆိုသည့်အမြင်များက
ကျယ်ကျယ်လောင်လောင်တွေးခေါ်ခဲ့
ဆင်းရဲသောအနုပညာနှင့်အရိုးရှင်းဆုံးသဘာဝအကျဆုံးနိယာမ
မီလန်သားတွေဆီမှာဆက်တိုက်ဖြစ်ပေါ်နေတယ်
လိင်ပေါက်ကွဲမှုတစ်ခု အကွက်ကျစီစဉ်ထားသောဘောင်
အဘိဓါန်ကိုပြင်ပြီး အလွမ်းအဆွေးအစရှိသဖြင့်
လက်ရာတချို့ကိုဖျက်စီးပြီးအသစ်ပြုလုပ်နေကြတယ်
ငြင်းပယ်မှုကိုဘယ်လိုငြင်းပယ်ခြင်းနဲ့ရွေ့အောင်ရွှေ့မလဲ
အယူအဆကိုလက်ခံထားရင်း ထောင့်တချို့ကိုဆန့်ကျင်နေလိမ္မယ်
အကြောင်းအရာကနေ့စဉ်ထိတွေနေတဲ့လေထုဆိုတာသိမှတော့
အစစ်အမှန်တွေသတင်းအချက်အလက်တွေဖွချင်တိုင်းပွနေလိုက်တာ
တခါကစတိုင်တွေစုထားတဲ့အနမ်း
ရှိုးလိုက်ရတုလို Like တဲ့လူတွေ Facebook စာမျက်နှာမှာ
Timeline ထဲဝင်ရိုက်တဲ့စာပျောက်သွားခြင်း
၇ရက်ပိတ်ထားတဲ့အကြောင်းပြချက်
(၃)နာရီလောက်ရွက်လွှင့်လိုက်ပါ ။မရမကလူ့ဖြစ်မှုတွေဆန္ဒအတိုင်း
လူစုံတက်စုံမှားနေတဲ့ လှိုင်းထဲကျွန်တော်လည်းငါးတစ်ကောင်ဖြစ်စဉ်လို
ကျောက်သားကိုထွင်းထုမိသောအရသာ
အနုပညာတစ်ရွေးသားတောင်အပွန်းအပဲ့မခံနိုင်တဲ့နာကျင်မှုက
ဟိုးယခင်ကခုထိ... ဘယ်ဆီအထိ
စိတ်ကူးမြင့်မြင့်နေထိုင်မှုလူ့ဘ၀နိမ့်နိမ့်နဲ့အသက်ရှင်မှုကို
အမြဲတကိုယ်တော် အထီးကျန်ဆန်ခြင်းရဲ့အမှန်တရား
လက်တွေကို ပြင်းပြင်းထန်ထန်စိုက်ပျိုးလို့ရင်ခုန်
ကိုယ့်အခေါင်းကိုယ်လုပ် ကိုယ့်အုပ်ဂူကိုယ်လုပ်ပြီး
ကံကောင်းထောက်မစွာ
ကဗျာဖြစ်မဲ့တနေ့အားအသေအလဲစောင့်စားနေမိတော့တယ်။ ။
တိုးနှောင်မိုး

No comments:
Post a Comment