Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

နွေကြိုတေး


နှစ်သစ်ရဲ့အဖွင့်စာမျက်နှာ
ကိုယ်တိုင်ဖွဲ့နွဲ့ရမယ့် အရေးအရာ။

ဖြတ်သန်းရမယ့်မာတိကာထဲ
တောပြုန်းခြင်း၊ မြစ်ရေလျှံသတင်း
ဖောက်လွဲဖောက်ပြန်ရာသီနဲ့
ရန်သူမျိုးငါးပါးလည်း စောင့်ကြိုနေမယ်
ဖြုန်းတွေထဲက စစ်ယူမှ ရမယ့်
ပျော်ရွှင်ခြင်းရတနာတွေလည်း
ပြိုးပြက်လင်းလက်နေမယ်။

နေရဲရဲ….ကြွေရဲရဲ
ရဲရဲတောက်စိန်ပန်းတွေ နေရောင်မကြောက်သလို
ငါတို့အမှားနဲ့၊ ငါတို့တရားနဲ့
ငါတို့အသံနဲ့ ငါတို့
ရွှေရောင်သီချင်းတွေ ဖူးပွင့်ဝေဖို့
ရင်ကို ဖွင့်လိုက်ကြစို့။            ။

                          အဂ္ဂ လင်း
                         11. 10. 10
                         ပိတောက်ပွင့်သစ် မတ်လ ၂၀၁၁

No comments:

Post a Comment