အရုပ်တွေ ရှင်နေသေးလား
အရုပ်တွေ သေသွားပြီလား
ရုပ်ရှင်ဟာ ဘ၀တွေလို
ဘ၀တွေဟာ ရုပ်ရှင်လို မဟုတ်ဘူး။
ကျရာဇာတ်ရုပ်မှာ ညစ်ထေးခဲ့သော ၀ိညာဉ်များ
ရိုက်ကွင်းအပြင်မှာ ကိုယ်ကျင့်တရားကို ခိုင်ခိုင်မြဲ
မရဘူး
သွေးသံရဲရဲ စိတ္တဇလူသတ်သမားရဲ့သားကောင်များ
တစ်ခန်းအရပ်မှာ ပျော်ပျော်ရွှင်ရွှင် ပြန်လည်နိုးထ
မရဘူး။
စာတန်းထိုးမထားတဲ့ဗီလိန်တွေလည်း
ထောင့်ချိုးတိုင်းမှာ တစ်ယောက်ပြီးတစ်ယောက်
ခပ်ဖွဖွအနမ်းတစ်ချက်နဲ့တော့
အိပ်ပျော်နေတဲ့မနက်ဖြန် နိုးထမလာနိုင်ဘူး။
ဘ၀ဟာ ဘ၀၊ ရုပ်ရှင်ဟာ ရုပ်ရှင်
ဟုတ်ရဲ့လား
ဇာတ်ညွှန်းတွေ စနစ်တကျ အကွက်ချခံလိုက်ရတဲ့အခါ
ဘ၀…ရုပ်ရှင်၊ ဘယ်အရာမှ ခွဲခြားမရတော့
ဘ၀လေးတစ်ခုတည်း ရုပ်ရှင်တွေအများကြီး
စောင့်ကြည့်ရင်း သရုပ်ဆောင်ရင်း
ဆိုနေတဲ့သီချင်းဟာ
ဇာတ်လမ်းနဲ့ ဝေးသထက်ဝေးကွာ။
နောက်တစ်ခန်း ဘာဆက်ဖြစ်မှာ
ဒါရိုက်တာကိုယ်တိုင်လည်း မသိရ
သေပေးရမယ့် နောက်တစ်ယောက်ဟာ
ခင်ဗျားဖြစ်ဖြစ် ကျွန်တော်ဖြစ်ဖြစ်
ဒါမှ ရုပ်ရှင်အစစ်ပဲ
ကျွန်တော်တို့အိပ်မက်ထဲက ဘ၀ဆိုတာ။ ။
အဂ္ဂလင်း
ပေဖူးလွှာ ဖေဖော်ဝါရီ ၂၀၁၁
အရုပ်တွေ သေသွားပြီလား
ရုပ်ရှင်ဟာ ဘ၀တွေလို
ဘ၀တွေဟာ ရုပ်ရှင်လို မဟုတ်ဘူး။
ကျရာဇာတ်ရုပ်မှာ ညစ်ထေးခဲ့သော ၀ိညာဉ်များ
ရိုက်ကွင်းအပြင်မှာ ကိုယ်ကျင့်တရားကို ခိုင်ခိုင်မြဲ
မရဘူး
သွေးသံရဲရဲ စိတ္တဇလူသတ်သမားရဲ့သားကောင်များ
တစ်ခန်းအရပ်မှာ ပျော်ပျော်ရွှင်ရွှင် ပြန်လည်နိုးထ
မရဘူး။
စာတန်းထိုးမထားတဲ့ဗီလိန်တွေလည်း
ထောင့်ချိုးတိုင်းမှာ တစ်ယောက်ပြီးတစ်ယောက်
ခပ်ဖွဖွအနမ်းတစ်ချက်နဲ့တော့
အိပ်ပျော်နေတဲ့မနက်ဖြန် နိုးထမလာနိုင်ဘူး။
ဘ၀ဟာ ဘ၀၊ ရုပ်ရှင်ဟာ ရုပ်ရှင်
ဟုတ်ရဲ့လား
ဇာတ်ညွှန်းတွေ စနစ်တကျ အကွက်ချခံလိုက်ရတဲ့အခါ
ဘ၀…ရုပ်ရှင်၊ ဘယ်အရာမှ ခွဲခြားမရတော့
ဘ၀လေးတစ်ခုတည်း ရုပ်ရှင်တွေအများကြီး
စောင့်ကြည့်ရင်း သရုပ်ဆောင်ရင်း
ဆိုနေတဲ့သီချင်းဟာ
ဇာတ်လမ်းနဲ့ ဝေးသထက်ဝေးကွာ။
နောက်တစ်ခန်း ဘာဆက်ဖြစ်မှာ
ဒါရိုက်တာကိုယ်တိုင်လည်း မသိရ
သေပေးရမယ့် နောက်တစ်ယောက်ဟာ
ခင်ဗျားဖြစ်ဖြစ် ကျွန်တော်ဖြစ်ဖြစ်
ဒါမှ ရုပ်ရှင်အစစ်ပဲ
ကျွန်တော်တို့အိပ်မက်ထဲက ဘ၀ဆိုတာ။ ။
အဂ္ဂလင်း
ပေဖူးလွှာ ဖေဖော်ဝါရီ ၂၀၁၁
No comments:
Post a Comment