Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ဝိုးတ၀ါးမြင်လိုက်ရတဲ့ဥသြဆွဲသံ


တစ်ခရီးတည်းသွားရင်း
စီးနေရတာ တစ်လှေတည်းမဟုတ်ပေမယ့်
တိုက်တန်းနစ်သင်္ဘောကြီးရော
ရေခဲတောင်ကို လွတ်အောင် ရှောင်နိုင်ခဲ့လို့လား
ကိုယ့်ကိုကိုယ်တော့ ဘယ်တော့မှ
မနစ်မြုပ်ဘူး ထင်ခဲ့ကြတယ်။

လွှတ်ချ ထားရစ်ခဲ့ဖို့ဆိုတာလည်း
ခုချိန်ထိ မ၀ံ့မရဲ
တလျှောက်လုံး တနင့်တပိုးရွက်ခဲ့
ငါတို့ခေါင်းပေါ်မှာ
ပိုက်ကွန်၊ ဓားနဲ့ အနက်ရောင်မြူများ။

အဲဒီပိုက်ကွန်မှာ အကြိမ်ကြိမ်
ဖမ်းမိနေတာ မိတ်ကပ်ထူထူလိမ်း အကုသိုလ်တရား
ငါတို့ဝိညာဉ်မှာစိုက်ဝင်နေတာ အဲဒီဓား
အနက်ရောင်မြူထုထဲ
ဘ၀အကန်းတွေ အထိအရှများဆဲ။

အရှည်လျားဆုံး မျဉ်းဖြောင့်တစ်ကြောင်းပေါ်
အဆန်းပြားဆုံး ကွေ့ကောက်နေရ
ငါတို့ရောက်ကြဦးမှာလား။                           ။
         
             အဂ္ဂလင်း
          ပိတောက်ပွင့်သစ်               ၂၀၀၈

၂၀၀၇/၈လောက်မှာရေးခဲ့တဲ့ဒီကဗျာလေးကြောင့် တမူးက ကဗျာသမားမိတ်ဆွေနှစ်ယောက်ရခဲ့တယ် :D

No comments:

Post a Comment