ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Monday, April 22, 2013
လူကလတ်ဆတ်တဲ့နေ့ဆို လွတ်လွတ်လပ်လပ် ပဲ လွတ်နေတဲ့ ကမ္ဘာကြီးကို အနံ့ခံလို့
ကျေးဇူးပါ ကမ္ဘာမြေကြီးရေ ......
ဒီလိုနေ့မျိုးမှာ
ကျိုးနေတဲ့ အရိုးတွေပြန်ဆက်ရပါတယ်
ပျက်နေတဲ့ ကိုယ့်ဓာတ်သားကို ပြန်လဲရတယ်
ရှုပ်ပွနေတဲ့ အတွေးအခေါ်ကို ပြန်စီရပါတယ်
ကိုယ့်အထားအသိုကို အမှန်အကန်ပြန်စစ်ခွင့် ရတဲ့နေ့ပါ ။
ဒီလိုနေ့မျိုးမှာ
အခွင့်အရေးကများများစားစား မဟုတ်
ထမင်းကြော်စားမလား ၊ လ္ဘက်ရည်သောက်မလား ဆိုရုံလောက်ပါပဲ
ဖတ်လက်စ သတင်းစာ ခဏနား TV မှာ
အမိန့်ရစစ်ပွဲတွေ တောနင်းပြီး စစ်သားလေးတွေရှာ
ကမ္ဘာကြီးမှာ လက်နက်တွေသေဆုံးတဲ့ အထိ ... ဘာလို့ မတိုက်ကြတာလဲကွယ်
မျက်လုံးထဲ အလောင်းကောင်တွေထည့်ကြည့်ရတာ
ပျင်းလာတယ် .... ငါဘာရှာနေတာပါလိမ့် ....
ရှာနေတာကမတွေ့ မိုးဟာ မစို့မပို့ ရွာချင်ယောင်ဆောင်လာတယ်။
ကြည့်စမ်းပါဦးကွယ်
လယ်ယာမြေတွေလေ ၀ဖီးဖီးကြွက်ကြီးတွေချီသွားတဲ့
သူ့အသီးအနှံ၊စပါးစေ့ ၊ ပဲစေ့လေးတွေ လိုက်ရှာနေလေရဲ့ကွယ် ...
ကျားသေဟာ နောက်ပြန်ရစ်လိုက်တဲ့ ပြကွက် မှာ ပြန်ထလာတယ် ...
Control ဟာ လက်ထဲမှာ ငါ့ချွေးစက်တွေနဲ့ အငွေ့ပျံလို့ ....
ပျံ ...
ပျံ ...
ပျံ ....
ပလူတွေ တစ်ကောင်ပြီးတစ်ကောင်ပျံ ထွက်လာကြပြီ
ရာသီဥတုက ကြောင်တောင်တောင် ကြွတက်နေတယ်
ပြီးရင် ကြွက်တက်ပြီး ကြွေကြသွားမလားပဲ ...
အတောင်ပံတွေ တစ်ဖက်ပြီးတစ်ဖက် ပြုတ်ကျ ..
ကျ
ကျ
သေနေတဲ့သချိုင်းအဟောင်းကြီးပြန်ထလာ
တီကောင်တွေ အထွေးလိုက် အထွေးလိုက် လုံးထွေးလို့
လဒတွေက ဒလဘက်ကမ်း ကူးသွားသလိုလို ဟန်ပြ
မျက်နှာကျက် ဖွင့်ထားတဲ့ ပန်ကာမှာ အပူတွေ လည်ခံနေတယ် ။
ပြတင်းပေါက်တွေကို ကိုယ်တိုင်ထ ပိတ်လိုက်တယ် ။
အ၀တ်ဟောင်းထုတ်ထဲက
ရည်စား အဟောင်းလေးကို အမာရွတ်တွေပေါ် ထုတ်လှန်း
အသုံးပြုနေကြ နှောင်ကြိုးတွေကို
ဖြည်
ချ
ဒဏ်ရာဟောင်း ၊ ဒဏ်ရာသစ်ပြဿနာ
အတွေးမဆုံးခင် တုံ့ပြန်မှုဟာ ငါလိုက်မမီတဲ့ ဆေးသား
အဝေးမှာ လွင့် ... ပါး .... ခဲ့ ရ သော တိမ် များ .......
ဒီလေဟာရှုသွင်းလိုက်တာနဲ့ရောဂါ
ပလပ်ထိုးလိုက်တာနဲ့ မီးပွားတွေ တဖွားဖွားလွှင့်လာတယ်
ရင့်လာတဲ့ ရင်ဘတ်ကို ဆက်ဖွင့်မယ်ဆို ဒုက္ခဟာ ပျားရည်လိုချိုတယ် ဖွင့်
Guns N' Roses ဖွင့်
အောင်ချိမ့် ဂန္တ၀င်မမကြီး ဖွင့်
မောင်ချောနွယ် ၊လှသန်း နဲ့ တစ်ခွက်တစ် ဖလားဖွင့်
ဖွင့် ....... ဖွင့် ........ဖွင့် ...... ဖွင့် .... ဖွင့်
အဲဒီလို ကိုယ်တရားနဲ့ ကိုယ်ဆူညံတိတ်ဆိတ်လို့ ရတဲ့နေ့ပေါ့
အထူးသဖြင့် ဒီလိုနေ့မျိုးမှာ ဦးနှောက်က ရင်ဘတ်ကို
ခလုတ် ခဏ ခဏ တိုက်တယ်
အိုး ... စံပါယ်ပန်းလေးရေ ...... ငါ့ကိုပစ်မချလိုက်ပါနဲ့ ။
မွန်းတည့်နေ ဟာ ငါ့ကို အပူတွေနဲ့ ပစ်ပေါက်လို့
သောင်စင်ရေမရလုပ်ပေါက်တွေကို ကောက်သိမ်းရဦးမှာလား
ရူးပ ။အရူးမထ စမ်းနဲ့ဗျာ ။
ဒီကဗျာကို ဖြုတ်လိုက်တပ်လိုက်
လုပ်ဖို့ ခင်ဗျား မှာ အခွင့်အရေးမရှိဘူး ။
ပူးသတ်ဖို့ မစဉ်းစားနဲ့ ဘရုတပ်တွေဟာ ခင်ဗျားကိုယ်ထဲက လောက်
နောက်ကျောမှာ ဓါးကြီးကတမ်းလန်း
ကိုယ့်အထာနဲ့ကိုနေပါဗျာ
ကြွေသွားတဲ့ အရိုးတွေက
ခင်ဗျားအတွက် မျက်ရည်လည်နေတယ်
လည် ... လည်စမ်း ... လည်စမ်း ....
နားလည်တယ်၊မျက်စိလည်တယ် ၊ ဦးနှောက်လည်တယ်
လည် .... လည် ...လည် ...အားလုံး လူလည်တွေ
လျော့ ... လျော့ ... လျော့ တဖြည်းဖြည်းစိတ်ကိုလျော့ပါ
အမေ့မှာလည်း အမေဆေးစာနဲ့အမေသွားနေရတယ် ......သားရယ် ။
ဒီလိုနေ့မျိုးမှာ ..... ဒီလိုပုံနဲ့ မိုးကြီးချုပ်ပါတော့မယ် .... အမေရယ် ။
ကျေးဇူးပါ ကမ္ဘာမြေကြီးရေ ......
ဒီလိုနေ့မျိုးမှာ သိုးနေတဲ့ ကိုယ့်ခန္ဓာကိုယ်ကို မနက်ဖြန်ထဲ ထပ်လွှင့်ပစ်ခွင့်ရလို့ ။
ဘိုဟန်
Tuesday, February 19, 2013 at 1:52am
Labels:
ကဗျာ - ဘိုဟန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment