Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

မေးခွန်း / အဖြေ


အေးအေးလူလူပဲ မဟုတ်လား တဲ့
နေမင်းကြီးက မိတ်ဖြစ်ဆွေဖြစ် မေးပါတယ် ။

ကျွန်တော် ချွေးသုတ်ရင်း
ဖြေမလို့ ပါးစပ်ပြင်နေတုန်းမှာပဲ
ဗြုန်းဆို
တိမ်တစ်အုပ်ရောက်လာပြီး တံတွေးနဲ့ထွေးသွားတယ် ။
နေမင်းကြီးမေးတဲ့ မေးခွန်းဆိုတော့ ပူတာပေါ့ လို့
အဲ တိမ်တွေရွာတဲ့ မိုးကတော့ အာပုပ်စော်နံ တဲ့အကြောင်း
အိပ်ယာထဲမှာ ဖျားရင်းတွေးနေမိတယ် ။


ဘိုဟန်

No comments:

Post a Comment