ပုဆိုးစုတ် ခါးတောင်းကျိုက်
အင်္ကျီဗလာနဲ့ နွေဦးကို ကြိုလိုက်မိတဲ့ အခါ
အဲယားကွန်းခန်းထဲက လူကြီး
မတိုးမကျယ် ရေရွတ်သံကြားလိုက်ရတယ်
“ လူမိုက်ပဲ ” တဲ့ ။
အခွင့်အရေးရတုန်း ဘုကြည့် ကြည့်ပစ်လိုက်တာ
ကျွန်တော့် အလွန်မရှိပါဘူးနော် ။
ဘိုဟန်
ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
No comments:
Post a Comment