Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ပြီးပါပြီ


“ တုန် .. တုန်. .တုန်... တုန်.. တုန်.တုန်..တုန်.တုန်တုန်တုန်တုန်တုန် ........ ”

“ ဟေ့ကောင် ... ဟေ့ကောင် ... ဟေ့ကောင် မင်းတော်တော်လွန်နေပြီနော် ... ကိုယ်ချင်းမစာ ဒီလောက်ထုနေရလားမင်းတော်တော် လူပါး .. အဲ .. တူပါးဝ တဲ့ကောင်ပဲ ”

“ အောင်မာ ... နင်းပြား ပေဟာ ... ပေ ပဲပေါ့ ... ပေပေတေတေ အထုခံဖို့ မင်းပေဖြစ်လာတာပဲ ...ငါထုဖို့ မင်းဟာပေဖြစ်လာတာပဲ ငါထုရင် ထုမှာပေါ့ ... ငါမောရင် နားမှာပေါ့ ။ ဘာခုမှ  မထုနဲ့လေ ဘာလေထအော်နေရတာလည်း ”

“ ဟေ့ရောင် .... မင်းတို့ကောင်တွေက လူပါးဝ အဲ ... တူပါးဝပြီ သခင်အားရ ကျွန်ပါးဝနေတဲ့ လက်ကိုင်တုတ်ပဲ၊မင်းအဘတွေခိုင်းတိုင်း မင်းက လိုက်လုပ်နေတယ် ။အခု ၂၀၁၃ ၊ အပြင်လည်းထွက်ကြည့်ဦး အကုန်လုံးပွင့်လင်း မြင်သာနေပြီ။မီဒီယာတွေ မှာလည်းရေးချင်တာရေးလို့ရပြီ ၊လွှတ်တော် မှာတောင် ပြည့်တန်ဆာ ဥပဒေတောင်ပြဌာန်းတော့မယ်။ လွှတ်လပ်စွာစီတန်းလှည့်လည် ဆန္ဒတွေပြနေကြတာ မင်းမမြင်ဘူးလား။တခြား လူတွေပြောင်းကုန်ကြပြီ ။ငါတို့ပဲ မပြောင်းတာ ငါတို့ ပေတွေလည်း စုပြီ ဆန္ဒပြမယ် ၊ အခုငါကစပြပြီ ... မင်းတို့လို တူကောင်တွေ သတိသာထားပေတော့ ”

“ တုန် တုန် .... ကဲဟာ ကဲဟာ ... ကဲဟာ .... ဆန္ဒပြချင်ဦး ကြီးကြီးကျယ်ကျယ် ၊ ဆန္ဒပြရအောင် မင်းခန္ဓာကိုယ်ကိုဒီနေရာကတောင် ရွေ့လို့ ရလို့လား ... ငါ ထပ် ထု လိုက်ရ .... ထပ်နာဦးမယ် ”

“ အေးပေါ့ကွာ မင်းတို့မိုးကောင်းတုန်း ရွာထားပေါ့ ၊ ပေဖြစ်တုန်းလည်း ထုထားဦးပေါ့ကွာ ၊ ငါပေဖြစ်ခါ မှ  ”

“ ကဲကွာ .. တုန် ... ကဲကွာ ... တုန် ။ မင်းရုပ်မင်းရည် ကြီးက ဘယ်လိုလို တူဖြစ်မှာလည်း စောက်ရူးရ ၊ပြဇာတ်ထဲကစကားတွေနဲ့လာပြီး စောက်ဖောင်းထုနေတယ်။ငါ့အထက် လူကြီးတွေက ငါ့ကို တူဖြစ်ထုဖို့ ၊ မင်းကို ပေအဖြစ်ခံ ဖို့ တစ်ခါထဲ ပုံသွင်းပေး အခြေခံဥပဒေရေးဆွဲပြီးသား ... မသာရ ... နင့် ချီးဘရိန်း ဦးနှောက်လေးနဲ့ ငါကလန်ကဆန်လာမလုပ်နဲ့ ”

“ အေးပါသူငယ်ချင်းရာ ၊ မင်းနဲ့ငါ သူငယ်ချင်းအရင်းကြီးတွေပါကွာ။တစ်မိုးထဲနေ တစ်ရေထဲသောက်တွေ မဟုတ်လား။မင်းအိပ်ရင်တောင် ငါ့ရင်ဘတ်ပေါ် ခေါင်းအုံးအိပ်တာပဲ သူငယ်ချင်းရာ ။ ငါ့ရုပ်ကို ကြည့်ပါဦး သူငယ်ချင်းရာ မင်းထုထားလို့ပေရုပ်တောင် မပေါက်တော့ပါဘူး ။ မင်းကိုယ်မင်းလည်း ကြည့်ဦး ငါ့ကို ထုရလွန်းလို့ တူရုပ်တောင်ပေါက်သေးရဲ့လား၊ငါတို့အသက်တွေလည်းကြီးပြီကွာ။မင်း ငါ့ကိုညှာတာပါ ”

“ မညှာနိုင်ဘူး ဟေ့ကောင် ... ငါ့ဆရာသမားခိုင်းတဲ့ အတိုင်း ထုရ မှာပဲ။ ထုရာမှာက ငါ့ အလုပ်ပဲ။ထုတယ်ကွာ ဘာဖြစ်လဲ ”

ပေခမျာ သူခန္ဓာကိုယ်ကြီးကို လူးလွန့်ပြီး ၀င်လုံးမယ် လုပ်ပြန်တော့ ခြေထောက်က မြေကြီးနဲ့ စွဲနေလို့ မရွေ့။အောက်ကနေ တူကို မော့ပြီးမိုက်ကြည့်ကြည့်ရင်းက အသာတွေလည်း တဆတ်ဆတ်တုန်လာပြီး ....

“ ကဲ ... ဘာမှလုပ်မရတော့လည်း ထွေးတယ်ကွာ .... ” ပေထွေးတဲ့ တံတွေးဆိုတော့ တူကို မစင်ပဲ သူ့မျက်နှာပေါ် သူ့တံတွေး
  ပြန်ကြတာပေါ့ ။

“အောင်မာ ရာရာစစ ခွေးမသား .... အဲ ပေမသားက များ ငါ့ကို တံတွေးနဲ့ ထွေးလား ဘာလားနဲ့ .... ကဲ ကွာ ကဲ ကွာ ထွေးအုံး
  .. ထွေးအုံး ”

“ အေး ထုစမ်း ... ထုစမ်း ... မင်းကလည်းတူ .... ငါကလည်းပေဆိုတော့ မင်းထုတာလောက်တော့ ဘာလို့ မခံနိုင်ရမတုန်း ။ ထုစမ်းကွာ ... ထုစမ်းကွာ ”

“ အေး မင်း ဒီလို အထုခံနိုင် ရဲ့ သားနဲ့ ငါ့ကို ဘာလို့ ပြဿနာ ရှာရတာတုန်း ... မင်းတော့ကွာ .... ငါ လုပ်လိုက်ရ ”

“ အေး ... မင်းထုတာလောက်တော့ ပျင်းတောင် ပျင်းသေးတယ်ကွ ။မင်းလို မလောက်လေးမလောက်စား
  တူတွေဘယ်နှစ်လက်ရှိပြီလဲ ခေတ်အဆက်ဆက် ကတည်းက ငါတို့ခံလာခဲ့တာ။ ငါမခံနိုင်တာက ငါအသက်ကြီးပြီးနားညီးမခံနိုင် လို့ ဟေ့ ... နားငြီး မခံနိုင်လို့ ရှင်းပြီလား ”

“ အောာက်ကလည်းနေသေး ကြောက်ပြီးလားလို့လည်း မေးနေသေးတယ်။မင်းဟာမင်း အသက်ကြီးရုံမကလို့ အိုနာကျိုးကန်းပြီး သေသေ ကျုပ်အပူမပါဘူး။ ကျုပ်ကတော့ တူဖြစ်ရင် ထုရမှာပဲ ရှင်းပလား။ ပွင့်လင်းမြင်သာတဲ့ ခေတ်မကလို့ ဘယ်တိုင်တိုင် ဆန္ဒဘယ်လောက်ပြပြ တူဆိုတဲ့ အကောင်က ကြောက် မယ်များ ထင်နေလို့ လား ဝေးသေးတယ်။ကျုပ်တို့လူကြီးတွေ တူဆိုတာ ပေကို ထုရမယ်လို့ ဥပဒေ မပြင်သမျှတော့ ထုနေရဦး မှာပဲ ... ငှဲ ငှဲ ငှဲ ”

“ အေးပေါ့ကွာ ငါကလည်း စကားအဖြစ်ပြောတာပါ ။ မင်းတို့ လူကြီးတွေ ကို အယုံအကြည်တစက်လေးမှ မရှိပါဘူး ။ငါတို့ဘ၀က လွှတ်တော်တိုင်လည်းမရ ၊ ဟိုချုပ်၊ဒီချုပ် တိုင်လည်း အရေးမလုပ်တာ ငါသိပါတယ်။အဲဒီတော့ တတ်နိုင်တာက မိုးနတ်မင်းကြီးကို တိုင်တည်မယ်ကွာ ”

“ တိုင်ပေါ့ ..... တိုင်တစ်လုံး ငါးမတ် .... တိုင်တစ်လုံး .... ငါးမတ် ”

အဲဒီလို တူရဲ့ လှောင်ရယ်သံတွေကြားမှ ပဟာ မိုးနတ်မင်းကြီးထံ တိုင်တည်လိုက်ပါတယ်။

“ .... x - ...... x ....ါ် .... x - x .... - xxx x x ...... ။ ”

“ ဘယ်လို ဟာတွေ လည်းဟေ့ .... ငါ့သမီးစာကျက်နေတယ် ။ အိမ်ရှေ့မှာလာလာ ဆုမတောင်းနဲ့ ....... ”
“ မှန်လှပါ မိုးနတ်မင်းကြီး ဘုရား ... ကျွန်တော်မျိုးကြီးက တူဖြစ်နေတော့ သူကို ဒီလိုဒီလို လေးထုတာကို များသူက မခံနိုင်လို့ပါတဲ့ ဘုရား ။ ကျွန်တော်မျိုးကလည်း ထုချင်လို့ ထုရတာမှ မဟုတ်ပဲ ဘုရား ... အထက်ကခိုင်းလို့ ထုရတာ အရှင်မိုးနတ်မင်းကြီးလည်း သိသားနဲ့ ဘုရား ... မဟုတ်ဖူးလားဘုရား ... ကျွန်တော်မျိုးအိမ်က မိန်းမက အရှင့်ကို နှစ်စဉ်နှစ် တိုင်းပူဇော်ပသနေကြပါဘုရား ”

“ အိန်း .... အိန်း ..... ”
“ အိန်း အိန်း နဲ့ မဟုတ်ပါဘူးဘုရား .... ဗီဘာဟိန်း နဲ့ ပါ ဘုရား ”
“ အိန်း အိန်း ဆိုတာက အဲဒီအဆိုတော် မဟုတ်ပါဘူးကွယ် ... စကားပြောမလို့ စတာပါ .... ကောင်းလေစွ
  ကောင်းလေစွ ၊ ပူစော်ပသသင့်သူကို ပူစော်ပသတာ မင်္ဂလာတစ်ပါးပဲ မဟုတ်လားကွဲ့ ။ မောင်မင်း ပြော
  တာလည်း ဟုတ်ပေသားပဲ ကွဲ့ .. အားလုံး ကောင်းဖို့ လုပ်ကြတာကို ဘယ်သူတွေက ဘာဖြစ်နေကြလို့တုန်း ဟဲ ”
“ မိုးနတ်မင်းကြီး ကယ်ပါ ဘုရား .... မိုးနတ်မင်းကြီး ကယ်ပါ .... ”
“ အောင်မလေးလေး ..... မိုးနတ်မင်းကြီး ကြားလို့ ကောင်သေးရဲ့လား ဘုရား ... ကြားလို့ ကောင်းသေးရဲ့လား ...  မိုးနတ်မင်းကြီးကိုများ ကယ်ပါတဲ့ ... စာမတတ် ပေမတတ် .. အဲဒါ ပေဆိုတဲ့ ကောင်ပါ ဘုရား ... ပေဆိုတဲ့ ကောင်ပါ ...  မိုးနတ်မင်းကြီးကို စော်ကားမော်တော်ကား ... အဲ မှားလို့ .... စော်ကားနေတာပါ ဘုရား ”
“ မှန်လှပါ ... အရှင်မိုးနတ်မင်းကြီး ဘုရား ... အရှင်ကြီးကို တိုင်တည်တာ ကျွန်တော်မျိုး မောင်ပေ ဖြစ်ပါတယ်ဘုရား။  ကျွန်တော်မျိုး မခံနိုင်လွန်းလို့ ပါဘုရား။ ခေတ်အဆက်ဆက် ကျွန်တော်မျိုးတို့ ပေတွေဟာ ပေအခွင့်အရေးတွေဆုံးရှုံးနေပါတယ် ဘုရား။ အခုလို ဒီမိုကရေစီအသွင်ကူးပြောင်းရေး မှာ သွေးမြေ မကျ စံပြအဖြစ်ကမ္ဘာကတောင်
  အသိအမှတ်ပြုထားတဲ့ နိုင်ငံတစ်နိုင်ငံ မှာနေပြီ လူသတ်လက်နက်တွေ ထုတ်ဖို့ ကိုယ့်အချင်းချင်းသတ်ဖြတ်နေတာကို  အားပေးအားမြောက် လုပ်နေရဦး မှာလားဘုရား ၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး ရှိတဲ့ ဒီတိုင်းဒီပြည်မှာ ဒီလို ဆူညံပူညံတွေ ကြားသင့်ပါသေးသလား ဘုရား အရှင်မင်းကြီးပဲ စဉ်းစားတော် မူပါဦးဘုရား ။ ကျွန်တော်မျိုးတို့ နင်ပြားပေတွေခမျာ ဘယ်အဖေခေါ်လို့ ခေါ်ရ မှန်းမသိ၊ ဘယ်သူမှလှည့်ကြည့်ဖော် မရတော့ အရှင်မိုးနတ်မင်းကြီးကိုပဲ အဖေခေါ် ..... အဲ .... လေ .... အားကိုးတော် မူပါရစေ ဘုရား ”

“ အိန်း အိန်း .... မင်းပြောတာလည်း ..... ဟုတ်တာပဲကွဲ့ ”
“ မိုးနတ်မင်းကြီး ဒီလို လူလည်မကျနပါနဲ့ ကျုပ်ပြောတော့လည်း ဟုတ်တာပဲ ။ ငပေ ပြောတော့လည်း ဟုတ်တာပဲ ဆိုတော့ အရှင်မိုးနတ်မင်းကြီးက ဘာတုန်း ။ကျုပ်သခင်နဲ့ အပေါင်းအပါ ခရိုနီတွေကို မိုးနတ်မင်းကြီးရဲ့ဘုံဗိမ္မာန် နေရာမှာ စက်မှုဇုံ အဖြစ် အပြောင်းခိုင်းလိုက်ရ မလား ၊ မီးဖြတ်ခိုင်လိုက်ရမလား ၊ လူပြည့်က ကောင်မလေးတွေကို နတ်ပြည်တင်ပါတယ်ဆိုပြီး လူကုန်ကူးပုဒ်မတပ်ခိုင်းလိုက်ရ မလား ၊ နောက်ဆုံး မိုးနတ်မင်းကြီးကို မပူဇော်ရဆိုပြီး ဥပဒေထုတ်ခိုင်းလိုက်ရမလား ဘာမှတ်နေလဲ ရိက္ခါပြတ် သွားမယ်”

“ အယ် .... မောင်တူ ကလည်း ဒေါသကလည်းကြီးပါ့ ။တို့က ဘာပြောလို့တုန်း။အဟင့် .... အဟင့် လူဇိုး .... ကဲ
   ... ကဲ .... ဒီအရေးကို မိုးနတ်မင်းကြီး မပိုင်ပါဘူးကွယ်။တစ်ကမ္ဘာလုံးဆိုင်ရာ ပန်းပဲဖိုစောင့် နတ်မင်းကြီး Vulcanတာဝန်ပဲ ... သူခေါ်လိုက်မယ် ”

“ ဘာတုန်းမိုးနတ်မင်းကြီးရာ ... အလိုလို မှ တိုင်းရေးပြည်ရာ မကောင်းရတဲ့ အထဲ ခင်ဗျားကတစ်မှောင့် .... အရင်လိုမအားဘူးဗျ ခင်ဗျား ခေါ်တဲ့ KTVတို့ မာဆတ်တို့လည်း မလိုက်နိုင်တော့ဘူးဗျ ”

“ အောင်မာ .... ဟေ့ကောင် .... အဲဒီနေရာတွေ သွားဖို့ဆို မင့်မခေါ်တော့ပါဘူး မောင်ရာ ငါ့ဟာငါပဲ သွားတော့တယ် ။အခုဟာက မင်းဆုံးဖြတ်ရမဲ့ အရေးပေါ်လာလို့ မင့်လှမ်းခေါ်လိုက်တာ။အခု မောင်ပေ နဲ့ မောင်တူ တို့ ပြဿနာ တက်နေတယ်။ မောင်ပေက သူတို့ ပေ တွေရဲ့ ရသင့်တဲ့ ပေအခွင့်အရေးတွေ တောင်းနေတယ်။ နောက်ပြီး သူတို့ပေတွေ အတွက် အခြေခံ ဥပဒေပြင်ပေးဖို့ တောင်းဆိုနေတယ် ။ အဲဒါ မင်းက ကမ္ဘာလုံးဆိုင်ရာ ပန်းဘဲဖိုစောင့် နတ်မင်းကြီး
ဆိုတော့ မင်းဆုံးဖြတ်ပေးလိုက်ပါ ”

“ အိုဗျာ နိုင်ငံရေးတွေ ရှုပ်ရှုပ်ရှက်ရှက် ကျုပ်အဲဒီကောင်တွေ နဲ့ မဆက်ဆံချင်ဘူး။အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့။ရာထူးလေး နေရာလေးမရခင်တုန်းက တစ်မျိုး နေရာလေးများရရော။အရင်လူတွေနဲ့ ဘာထူးလို့လည်းတော်ပါဗျာ .... ကိုယ့် အရပ်နဲ့ ကိုယ့်ဇာတ်ဆိုတော့ ခင်ဗျားတို့ ပန်းပဲမောင်တင့်တယ် ရှိတာပဲ သူလှမ်းခေါ်လိုက်ဦးမယ် ”

“ ဟလို .... ဟလို .... တင့်တယ် လား ..... တင့်တယ် လား ... ”
“ ဟလို ... ဟလို .... ဟုတ်ပါတယ် ကျုပ် ပန်းပဲမောင်တင့်တယ် ပါ ။ စာရေးဆရာမဟုတ်ဖူးဘူး ။ ဘယ်က ဆက်နေတာလည်း အိုဗာဆီး နံပါတ်ကြီး နဲ့ ”
“ ဟေ့ကောင် ... စွတ်အော် မနေနဲ့ ငါ Vulcan ပါ။ငါ့ဖုံးက ဘယ်နိုင်ငံရောက်ရောက် ဆက်လို့ ရတယ်။ အခု ငါမင်းတို့နိုင်ငံ ထဲ ရောက်နေတယ်ဟ ...  ”
“ ဟေ့လူကြီး .... သိပ်မကြွားနဲ့ဗျ .... ကျုပ်တို့ ဆီ မှာလည်း ဆက်သွယ်ရေးဝန်ကြီး ပြုတ်သွားပါပြီ ။ ၅၀၀၀ တန်ဖုံးတွေ မကြာခင်လာတော့ မှာပါဗျ ၊ ဘာလည်း ခင်ဗျားလည်း ကျုပ်တို့ နိုင်ငံကို သူများတွေလိုပဲ ဆုတွေလာပေးတာလား ”
“ ဟေ့ကောင် ... တင့်တယ် လေရှည်မနေနဲ့ ဆုပေးဖို့ နေနေသာသာ မင်းတို့ ဆီ မှာ ပြဿနာတက်နေလို့ မိုးနတ်မင်းကြီးက ငါ့ကိုခေါ်လို့လာတာ။ အခု ငါလည်းမရှင်းတတ်ဘူး။ မင်းတို့ ပြဿနာ မင်းလာရှင်းပေတော့ ၊ အခု အမြန်လာနော် ”

“ဟုတ် .... ဟုတ် .... လာပြီ ” ....................................... ။

“ ကဲ ... အမိန့်ရှိပါဦး မိုးနတ်မင်းကြီးရာ ကျုပ်ကို ခေါ်တဲ့ ကိစ္စ ”
“ မင်း မလဲနော် ငါမပြောချင်ဘူး။ မင်းလို ပန်းဘဲ သမားကို ဘယ်လို ဦးနှောက်နဲ့များ အိုးအိမ် မှာ သွားထားတာတုန်း ၊ကိုယ် ကျွမ်းကျင်ရာ ကိုယ်လုပ်စမ်းပါ တင့်တယ်ရာ ... မင်းလို လူနဲ့ နေရာနဲ့ မလိုက်တော့ ဟော အခုလို ပြဿနာတွေတက်ရော ။ အိမ်ထဲ မှာ မိန်းမနဲ့ကလေးတွေနားပဲ ကပ်မနေနဲ့ ဟ ”
“ မဟုတ်ရပေါင် ... မိုးနတ်မင်းကြီးရာ ကျုပ်မလဲ မနားရပါဘူး ။ ရန်ကုန်မြို့ကြီးကနေ နေပူတော်မြို့သစ် ဆိုတော့လည်းကျုပ်ပဲ တာဝန်ပေးတာ။ အဲဒီ မှာ အိမ်တွင်းရေးတွေ ဘယ်လောက် ရှုပ်လည်း ခင်ဗျားစဉ်းစားသာကြည့်ပေတော့ ။ကျုပ်တို့ကို လဘ်ထိုး.. အဲ သူဇော်ပသတာကနည်းနည်းရယ် နားညည်းအတော်ခံရသဗျို့ ( အရပ်စကားနဲ့ပြောရင် နားဖင်ချသ ပေါ့ဗျာ )။နောက် ပိုင်ဆိုင်မှုတွေ ဖော်ပြခိုင်းတဲ့ ကိစ္စ တော်သေးတယ် ... ပယ်ချသွားလို့ဗျို။နောက် မြေယာ သိမ်းတဲ့ ကိစ္စ
 တွေ နဲ့ အိမ့်တွင်းပူတော့ အိမ်ရှေ့ပါ မချမ်းသာမို့လားဗျ ... လယ်သမားလဲ လယ်သမား မိုလို့ ပူရတယ် ။အဲ ... ကျူးကျော် ရပ်ကွက်တွေဖျက်တော့လည်း ကျုပ်တို့ မှာ နေစရာဘယ်ရှိလို့တုန်း။အဲဒါတင် မကဘူးဗျို့ ဟိုတလောလေးက အနားယူသွားတဲ့ တပ်ချုပ်ကြီးက သူအိမ်တွင်းရေးအတွက် အလုပ်သမား စရိတ်တွေ အတောင်းခိုင်းလို့ ကျုပ်တို့ မှာ လွှတ်တော် တောင် မသိမာတင်ပေးလိုက်ရသေး မဟုတ်လား။နို့နေပါဦး .... အခုက ဘာအရေးတုန်းဗျ ”

“ မင်း မြန်မာပြည်မှာ လူကြီးလုပ်ရလို့ထင်တယ် ။မဆိုင်တာတွေ ပြောပြီး တယ်ပေရှည်သကိုး၊ အခုက ငပေက ... မောင်တူကိုသူပဲ ခေတ်အဆက်ဆက် အထုခံလာရတော့ မကျေနပ်ဘူး။မောင်တူကလည်း အခြေခံဥပဒေ မှာ  ဒီတိုင်းပြဌာန်းထားလို့ထုတာတဲ့သူနဲ့ မဆိုင်ဘူး လို့ ငြင်းရင်းရန်ဖြစ်ကြတာ။အဲဒီမှာ ငပေက သူတို့ အခွင့်အရေးအတွက် ဆန္ဒပြကြမယ်လို့ လုပ်နေတယ်။ဆန္ဒပြ ရင် လက်ပတောင်း တောင် ကိစ္စလည်း မင်းလည်းကြားသား မဟုတ်လား။အဲဒီတော့ မဖြစ်သင့်တာ မဖြစ်ရအောင်လို့ မင်းတာဝန်ယူပါ ”

“ အောင်မလေးလေး .... အခြေခံဥပဒေပြင်ပေးရ မှာလား မလုပ်ပါနဲ့ မိုးနတ်မင်းရယ်။အခြေခံဥပဒေပြင်မယ်လို့ ပြင်းပြင်းထန်ထန် ကြွေးကြော်ခဲ့သူတွေ တောင်မှ အခုဆို အစိတ်သားလေးနဲ့ အထုခံရလို့လား မသိဘူး နှာစေး နေကြတာ မမြင်ဘူးလား မိုးနတ်မင်းကြီးရယ်။အေးအေးနေပါရစေ။သက်ဦးစံပိုင် ခေတ်က မီးရှို့သတ်ခံရတာတော်ပါသေးတယ်။ခုလို ဒီမိုခေတ်ကြီး မှာတော့ နောက်မီးရှို့အသတ်ခံ မခံချင်တော့ပါဘူး”
“ အင်း .... မင်းကလည်း တာဝန်မယူနိုင်ဘူးဆိုမှတော့ ဘယ်လိုလုပ်ကြမလဲကွယ်။ဘယ်တတ်နိုင်ပါ့ မတုန်း ”
“ အင်း ... ကျွန်တော်စဉ်းစားမိတာတစ်ခုတော့ ရှိတယ်ဗျ ........... ”
“ မင်း ရှိတာခဏထားလိုက်ဦး ... ဟိုဘက်ကလည်း လူအုပ်ကြီး လာနေတယ် ။ ဒီမှာကလည်း လူအုပ်ကြီးလာနေတယ် ”
“ ဟင် ... ဒီဘက်အုပ် မှာ နှုတ်ခမ်းမွှေးစစနဲ့ ဦးဆောင်လာသူက ဟစ်တလာ မဟုတ်လား ။ အဲ သူနောက်မှာမူဆိုနီလီတို့ နပိုလီယံတို့ရောဟ .... ဟင် ...ဦးနေ၀င်း ၊ဦးကျာ်ငြိမ်း နဲ့ တစောက်ကန်း စိန်လွင်ကြီးရောဟေ့ ... တကယ် 
  နာမည်ကြီးတွေပဲ ... လူတွေဘယ်ဟုတ်လို့တုန်းဟ ”
“ ခင်ဗျား မှ ပဲ .... ဒီဘက် မှာလည်း ကြီးဦး မိုးနတ်မင်းကြီးရ ။ကားမတ် ၊ လီနင် ၊ မော်စီတုန်း ၊ သခင်ဘဟိန်း ၊
  သခင်သန်းထွန်းဟာ ... အများကြီးပဲ မိုးနတ်မင်းကြီး အခြေအနေ မကောင်းရင် ကျုပ်ကတော့ လစ်မှာနော် ”
“ ကဲ မိုးနတ် မင်းကြီး ခင်ဗျားတို့ ဘာဖြစ်ချင်သလဲ ၊ဘာလုပ်ချင်သလဲ။ဆန္ဒမပြဖို့ ကောင်းကောင်းပြောနေတာနော်။
  ပြောလို့ မှမရရင် သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ် ဖူးဆိုတာ သဘောပေါက်တယ်မို့လား။ ကျုပ်ကောင်
  တွေ ကောင်းကောင်းမွန်မွန် အုပ်ချုပ်နေတာကို ကလန်ကဆန် မလုပ်ပါနဲ့။ မိုးနတ်မင်းကြီးလည်း ကိုယ့်နေရာ
  ကိုယ်နေပါ။ဟိုကောင် တင့်တယ်ဆိုတဲ့ အကောင်လည်း ဟိုနေရာစပ်စပ် ဒီနေရာ စပ်စပ် ၀င်မရှုပ်နဲ့။ ”

“နေပါဦး မောင်နေ၀င်းရ ... အခု မောင်တူနဲ့ ငပေ အရေးက ခုမှ စကစပဲ ရှိသေးတယ်လေကွယ်။ သတင်းက
  မြန်လှချေလား ”
“မိုးနတ်မင်းကြီး သိပ်မပိန်းနဲ့ဗျ ။ ခုက ပွင့်လင်းမြင်သာနေတဲ့ခေတ်။အရင်လို ဟို ခင်ညွှန်တပ်တောင် မလိုတော့ဘူး။
 ဖွဘုတ် တက်ကြည့်လိုက်တာနဲ့ ဘာဖြစ်နေလဲ ဆိုတာ တမ်းသိတယ်။ခု အနားယူနေတဲ့ တပ်ချုပ်ကြီးလည်း ဖွဘုတ်
 သုံးနေပါတယ်ဗျ ဟဲဟဲဟဲ .... သဘောပေါက် ”
“အောင်မာ ... မင်းတို့ခြောက်တိုင်း ကြောက်မယ်များထင်နေသလား။သေတဲ့အထိတောင် မဆလစောက်ကျင့် မပျောက်
 သေးတဲ့အကောင်။မင်းနဲ့ကျော်ငြိမ်း နှစ်ယောက်ပေါင်းပြီး ဖျက်ခဲ့လို့ ငါတို့ တိုင်းပြည်ခုထိ ပျက်နေတာကွ။မင်းတို့လို
 ကောင်တွေကို ဒီနေ့ဒီအချိန်ကစပြီး အမျိုးဖြုတ်ပစ်ရမယ် ”
“ ကိုဗဟိန်း ခင်ဗျား မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် ” ဆိုတဲ့ ကြွေးကြော်သံကို အင်္ဂလိပ်တွေပဲ
  ကြောက်မှာဗျ။ကျုပ်တို့လို ကိုယ့်လူမျိုးအကြောင်း နောကျေနေတဲ့ကောင်က တော့ ဒီမှာတွေလား .... သေနတ် ... 
  သရက်သီးသနတ် မဟုတ်ဖူးနှော ”
“ စိန်လွင်ရယ် .. မင်းလိုမလောက်လေးမလောက်စားကောင်လောက်များ ကြောက်မယ်ထင်နေသလား။ ငါရင်ဘတ်
  ဇကာပေါက်ဖြစ်သွားပစေ။ကျောမွဲနင်းပြားပြည်သူတွေ ခံနေရသရွေ့ တော်လှန်ရေး ဆက်လုပ်နေရဦးမှာပဲကွ ”
“ ကဲဗျာ ... ပြောမရတဲ့ ကောင်တွေ လုပ်ချင်ဦးကွာ .... ဒိုင်း .... ဒိုင်း .... ဒိုင်းးးးးးးးးးးးးးးးးးးးးးးးးးးးးး ဒိုင်းးးးးးးးးးးးးးးးးးးးးးး
  ဒိုင်းးးးးးးးးးးးးးးးးး ဒိုင်းးးးးးးးးးးးးးးးးးး ဒိုင်းးးးးးးးးးးးးးးးးးးးးးး ဒိုင်းးးးးးးးးးးးးးးး ဒိုင်းးးးးးးးးးးးးးးးးး ”
“ ကဲ ဘယ်လိုလုပ်ကြမလဲ မိုးနတ်မင်းရယ် ။ ကျုပ် မပြောဘူးလား ဒီပြဿနာ ခင်ဗျားကစတာ ။ဟိုကောင်တွေက
  ပစ်ပြီးပြေးပြီ။တဖက်လူတွေလည်း သေကုန်တဲ့ကောင်က သေကုန်ပြီ ။ပြေးတဲ့ကောင်က ပြေးပြီ ”
“ ဘာတတ်နိုင်ပါ့မလဲကွာ ....  ဟိုကောင် မောင်တူ နဲ့ ငပေ ကိုယ်ကိစ္စကို ကြည့်ရှင်းပေတော့ ...ဟီးဟီး ...
  ငါတို့လည်း ပြေးပြီ ...”
“ ကဲ ... ဘယ်လို လုပ်ကြမလဲ ငပေ ၊ ဒီကိစ္စက မင်းပေရှည်လို့ ဖြစ်ရတာ .... ”
“ ကဲ ... ဘယ်လိုလုပ်မလဲတွေ ဘယ်နှယ်လုပ်မလဲတွေ မေးမနေနဲ့ ငဘကို အချုပ်ထဲထည့်လိုက်စမ်း။ဆန္ဒပြမယ်ဆို

  ကြိုတင်လျှောက်ထားရမယ်ဆိုတာ မသိဘူးလား ”
“ ဒါက ဒီလို ရှိပါတယ် သမ္မတကြီးရယ် .... ကျုပ်က ဆန္ဒပြမလို့ လုပ်နေတုန်း ရှိပါသေးတယ်။ဒီသတင်းကို ဘယ်သူက
  ဖေ့ဘုတ်တင်ပြီး ဖွလိုက်မှန်း မသိပါဘူး ”
“ ရှည်ရှည်ဝေးဝေးတွေ လျှောက်ပြောမနေနဲ့ ဟေ့ ... အခု ပစ်သွားတဲ့ အကောင်တွေကို နောက်နေ့ကြရင် တောင်းပန်ပွဲလုပ်ခိုင်း
  လိုက်။ နောက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဟေ့ ... ငါ့အစ်မကြီးကို ကော်မရှင် ဥက္ကဌကြီး ခန့်လိုက်ဟေ့ ”
 “ ပြီးပါပြီ ”

 “ THE END ”
ဘိုဟန်
Tuesday, February 5, 2013 at 2:57pm

No comments:

Post a Comment