Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

** မျက်လုံးထဲ တိုက်ရိုက် ၀င်လာသော ရှု့ ... မျှော် ... အခင်း **



ဒီနွေ တအားပူတယ် မေမေရယ် ....
ကြားလိုက်တဲ့သတင်းတိုင်းက အငွေ့တလူလူ
မြင်လိုက်ရတဲ့ မြင်းကွင်းမှာ သူအို ၊ သူနာ ၊ သူသေ
ဖတ်လိုက်ရတဲ့ သတင်းစာက နာရေးကြော်ငြာ
သံသယဟာ သံသရာ အထိ နင်းချေခံလိုက်ရတဲ့ မြေစာပင်များ
ခင်ဗျားပြောတော့လည်း ခင်ဗျားစကား
သူပြောတော့လည်း သူ့စကား ပေါ့ ....
ကိုယ့်အိမ်ကိုယ့်ယာကို ပြန်မလာတော့တဲ့ ခြေသံတွေ
မျက်လုံးတွေ ကျီးလန့်စာစား တစ်ဖက်စီတွေးခေါ်ရင်း

ခုတလော
ကျွန်တော့်သည်းချေ တွေကို အာမ မခံချင်တော့ဘူးဗျာ
ကျေးဇူးပြုပြီး
မိုးကို ပုံကြီးလာမချဲ့ကြပါနဲ့
တွေးရင်း မျှော်ရင်း စိတ်ထိခိုက် လွန်းလို့ ။

ဘိုဟန်
5.4.2013

No comments:

Post a Comment