Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

နိုဘယ်ဆုရှင်ကဗျာဆရာများ အပိုင်း-၅ (Bjørnstjerne Martinus Bjørnson )

၁၉၀၃ ခု နှစ် နိုဘယ် ဆုရှင်  နော်ဝေး က ကဗျာ ဆရာ ကြီး   Bjørnstjerne Martinus Bjørnson   တတိယမြောက် နိုဘယ် ဆုရှင် ကဗျာ ဆရာ           


(၁)
တကယ်ဆို ၁၉၀၂ ခု နှစ် မှာ ဒုတိယ မြောက် နိုဘယ် ဆုရ ခဲ့ သူကတော့  ဂန္တ၀င်သမိုင်း စာပေ ပညာရှင် ကြီး Theodor Mommsen (1817-1903)  ဖြစ်နေတယ်။ ဒီနေရာ မှာ ရသ စာရေးဆရာ ၊ကဗျာ ဆရာ တွေ ကို သာ ဇောင်း ပေး တင် ပြ နေ တာ မို့ သူ့ ကိုမရေးပဲ ချန် လှပ်ထား ခဲ့ ရ ပါတယ်။ (Mommsen ကလည်း သဘော ကောင်း မယ့် ပုံပါ ၊ မေ၇း လည်း ရ ပါ တယ် ။)သူဟာ၁၉၀၂ မှာ နိုဘယ် ဆု ရ ပြီး၊  ခု ကျွန်တော် ရေး မယ့် တတိယ မြောက် နို ဘယ် ဆုရှင် ၊ ဒု တိ မြောက် ကဗျာဆရာ Bjørnstjerne Martinus Bjørnson ကိုနိုဘယ် ဆုပေး တဲ့ နှစ် မှာပဲ ကွယ်လွန် အနိစ္စ ရောက် သွား ခဲ့ ပါတယ်။ထားပါ တော့။ (ပထဆုံး စာ ပေ နို ဘယ် ဆုရှင် ကဗျာဆရာအကြောင်း ကတော့ေ၇ှးမှာ ရေး ပြီး ပါ ပြီ ။)

(၂)




           Bjørnstjerne Martinus Bjørnson  ဟာ နော် ဝေးလူမျိုး (နော်ဝေး၈ျင်း)  ပါ ။ဦးပု ည တို့ လိုပဲ ပြ ဇာတ် တွေ ရေး တယ်။  တကယ် ဆို သူကတော့  စာပေ နိုဘယ် ဆုရှင်တွေ ထဲ မှာ တတိယ မြောက် ဖြစ်ပါတယ်။နော်ဝေးမှာမွေး ပြီး ပြင် သစ် မှာ သွား သေရ တယ် လို့။ နဖူးစာ ရွာ လည် တာ မဟုတ်ဘူး ၊သင်္ချိုင်း လည်း ပဲ ရွာလယ် တယ် ထင် ပါ ရဲ့ ။ နိုဘယ် ဆုပေး ချိန်က တော့ နော် ဝေး မှာ နေ ပါ တယ်။



           သူဟာ ကဗျာဆရာ ၊ အယ် ဒီ တာ၊ စာ ရေး ဆရာ ပြ ဇာတ်ရေး ဆရာ ဖြစ် ခဲ့ ပေ မယ့်  သူ့ ခောတ် အခါအ၇ ပြ ဇာတ်ရေးဆရာ အဖြစ် ပို ထင် ရှား ခဲ့ ပုံရပါ  တယ် ။ ( ဒါ ပေ မယ့် Sigurd Slembe (Sigurd the Bad) (1862, epic poem) .Digte og sange (Poems and Songs) (1870, poems). Arnljot Gelline (1870, epic poem)  တို့ကို ရေး ခဲ့ သူ ကဗျာ ဆရာ လည်း ဖြစ် တာ မို့ ဒီ နေ ရာ မှာ သူ့ ကို ချန်မထား ခဲ့ ဖို့ ကျွန် တော် စဉ်း စား ခဲ့ တာ ပါ။ သူရေး တဲ့ ကဗျာ နှစ် ပုဒ် ကို လည်း အောက် မှာ ထည့် ပေး ထား လိုက် ပါ တယ်။)



           သူဟာ တောသား ပါ ။ Østerdalen  နယ် က  Kvikne လို့ ခေါ်တဲ့ ရွာလေး မှာ  ၊၁၈၃၂ ခုနှစ် ဒီဇင်ဘာလ ဂ ရက် နေ့ မှာ  မွေးတယ်။ အဲဒီနေရာဟာ  Trondheim တောင်းပိုင်းကနေ ခြောက် မိုင် လောက် ဝေးသေးတယ်။ (သူ့ကိုမွေးတဲ့ ခုနှစ်က ကျွန်တော် တို့ ဆီ မှာ အင်္ဂလိပ်တွေနဲ့ အပြိုင်သင်္ဘော ဆွဲတဲ့  ဦးနာအောက်(၁၈၃၂-၁၉၁၃) ကို မွေးတဲ့ ခု နှစ်နဲ့ အတူတူ ပဲ။) Bjørnson  ရဲ့အဖေ က တော့  လို့ Reverend Mr. Peder Bjørnson ခေါ် တဲ့ Kvikne ရဲ့ ခ၇စ်ယာန် ဘုန်းတော် ကြီး ပါ။ သူ့ အမေ က တော့ Inger Elise Nordraach  ပါ၊ သူ့ အမေက တော့ ကုန်သည် တစ် ယောက် ရဲ့ သမီး ။ သူ ငယ်ငယ်က  ၁၈၃၇ ခု နှစ် ရောက် တော့  သူ့ အဖေ ဟာ သာသနာ့ ၀န်ထမ်းပီပီ Molde  မြို့ အပြင် ဖက် က Nesset နယ် ကို ပြောင်ရွေ့ ခဲ့ ရတယ်။ သူရဲ့ ငယ်စဉ်တောင်ကျေး ကလေး ဘ၀ အ၇ွယ်ဟာ  အဲဒီ နယ် လေး မှာ ပဲ ကုန်လွန် ဖြတ်သန်း ခဲ့ ရ ပါ တယ် ။နှစ်ပေါင်း အတန်ကြာအနီးအနား မြို့ Molde မှာ ပညာ နို့ ရည် သောက် စို့ လို့ ပညာ အတန်ငယ် ပြည့် ၀လို့ နှလုံး လှ လာ တဲ့ သူ့ ကို ၊ သူ ၁၇ နှစ် သား အ၇ွယ် အရောက် မှာ တော့ Christiania  က  Heltberg Latin ကျောင်း ကို ပို့ လိုက် ပါ တယ်။ မကြာခင် တက္ကသိုလ် ပညာ ကို သင် ရ တော့ မှာ မို့ ပါ။ အဲဒီမှာ စတွေ့ တာ ပဲ ဗျာ ။ ဘာ လို့ လဲ ဆို တော့ အဲ ဒီကျောင်း က အခြား နာ မည်ကြီးထိတ်သီး စာပေ သမား  တွေ ဖြစ်တဲ့ Ibsen  တို့  Lie တို့ Vinje  တို့ လည်း နေခဲ့ တဲ့ ကျောင်းပါပဲ ။



            သူဟာ ကဗျာ အရာ မှာ တော့ နော် ဝေး ရှင်မဟာရ ဌသာရ ။ ။သူဟာ ၁၁ နှစ် သား အရွယ် က တည်း က ကဗျာ ရေး ဖို့ သွေး တောင်း နေ တဲ့ ခံ စား ချက် တွေ ပေါ် လာ ပြီး ကဗျာ စ ရေး ခဲ့ တယ် လို့ ဆိုပါတယ်။ကလေးဆိုတော့ တကယ့် ဟဲ ဗီး  ကဗျာ ကြီး တွေ တော့ မဟုတ် ဘူးပေါ့ ၊ verses   တွေ ရေး ခဲ့ဖူး တာ ပါ ။



               ၁၈၅၂ နှစ် အဲ ဒီ မှာပဲ  သူဟာအော်စလိုတက္က သိုလ် ၀င် ခွင့် အောင်ခဲ့ တယ်။ ၁၈၅၄ မှာ Morgenbladet ကစာပေဝေဖန်ရေး သမား ဖြစ် လာ တယ်။ ပြီး သိပ် မကြာခင် မှာပဲ သူဟာ ဂျာနယ်လစ် လုပ် ပြီး သတင်းစာ တွေ ကနေ drama ဝေဖန်ရေး တွေ ဇောင်းပေး ရေး တော့ တာ ပါ ပဲ။ နောက် ၅ နှစ် အကြာ ၁၈၅ရ မှာ သူဟာ သူ့ ရဲ ယာတောသမားဝတ္ထု တွေ ထဲ က ပထမဆုံး ဖြစ် တဲ့  Synnøve Solbakken ကို ထုတ် ဝေလိုက် တယ်။

၁၈၅၇ နှစ်ကုန်ပိုင်းလောက် မှာသူ့ ကို Bergen ပြဇာတ်ရုံ မှာ ဒါ ရိုက် တာ လုပ်ခဲ့ ပါ တယ်။ နှစ် နှစ် လောက် လုပ် ခဲ့ တယ်။  သူ့ ဇနီးကတော့  Karoline Reimers (1835–1934)    ဖြစ်ပါတယ်။ သူတို့ ဇနီးမောင် နှံ ဟာ ၁၈၅၈ ခု နှစ် မှာ လက် ထပ် ခဲ့ ပါ တယ် ။ကလေး ၆ ယောက် ရ ခဲ့ ပါ တယ်။ (သူဟာ  အသက် ၁၇ နှစ် အရွယ် ရှိ တဲ့  Guri Andersdotter    နဲ့ညိစွန်းခဲ့ ဖူး တယ်။ ကလေး တောင်ရ ခဲ့ တယ် ။ အဲဒီကလေး ဟာ နောက် ပိုင်း မှာ ကဗျာဆရာ Anders Underdal (1880–1973) ဖြစ် လာ ပါ တယ်။  အဲဒီကဗျာဆရာဟာ  နော် ဝေး -ဆွီဒင် စာရေး ဆရာMargit Sandemo ရဲ့ အဖေ ပါ။ အတင်း ပြောသ လိုများ  ဖြစ် နေ မလား ပဲ ၊ ကြုံ လို့ ဆက် စပ် ပြ တာ ပါ။).

            



           Bjørnson ဟာ ၁၈၆၀ ကနေ  ၁၈၆၃ ကြားကာလ တွေ မှာ အများ အား ဖြင့် အီ တလီဖက် ကို ခ၇ီး ထွက် နေ တတ် တယ်၊ ဥ ရောပ တစ် ခွင် ခရီး နှင် နေရင်း ကုန်လွယ် လွန်မြောက်ခဲ့ ဖူး ပါ တယ်။ (၁၈၆၀ မှာ ၊အဲဒီအချိန်မှာ၊ကျုပ်တို့ ဆီမှာ  ဦးနာအောက် ကလည်း ၊ဦးရွှေလေး ဆိုတဲ့ လူ ကို အင်္ဂလန် လွှတ် ပြီး စကောတလန့်ုမ္ပဏီ တစ်ခုဆီက၊ သင်္ဘော နှစ်စီးနဲ့ စက်ပစ္စည်းတွေ ၀ယ်ဖို့ လွတ်လိုက် ပြီ ၊သူက မကြာခင် မျက် နှာဖြူ တွေ ကို ဖိုက် တော့ မှာ။ ) Bjørnson ဟာ အဲဒီက ပြန် လာ တော့ ၊၁၈၆၅ ခု နှစ် ဦးပိုင်း လောက် အရောက် မှာ Christiania ပြဇာတ် ရုံ မှာ မန် နေဂျာ လုပ် ရင်း သူရဲ့ အရမ်း ထင်ရှားတဲ့ ဟာ သ ပြဇာတ် De Nygifte (The Newly Married) တို့ ရိုမန်တစ်အလွမ်း ဖြစ် တဲ့ Mary Stuart တို့ လိုအနုသုခု မပြဇာတ် တွေ ကို တင် ဆက် ခဲ့ပါတယ်။အဲ ဒီခောတ်က ပြ ဇာတ် တွေ အများ စု က ကဗျာဟန် ပုံစုံ မျိုး တွေနဲ့ ရေး ကြ တယ် ။၁၈၆၆ ကနေ ၁၈ရ၁ ခု နှစ် အထိ က Norsk folkeblad မှာ အယ် ဒီ တာ လုပ် ခဲ့ တယ်။၁၈ရ၀ မှာ epic ကဗျာတွေပါတဲ့ Arnljot Gelline တို့ ကို ထုတ်ဝေ ခဲ့ ပါ တယ်။ ဒါ ဟာ ဆို ရင် အပြောင် မြောက် ဆုံး ဖန်တီးမှု ဖြစ် ပါ တယ်။  နာမည် ကျော် ဂန္တ၀င်တေး ကဗျာ Digte og Sange, (Poems and Songs)       ကို ၁၈၈၀ မှာ ထုတ် တယ်။



             ၁၈၆၄ နဲ့ ၁၈၇၄ ကြားကာ လ တွေ ကိုတော့ သူ့ အတွက် ဟာ ပညာသားပါ တဲ့ သူ့ ရဲ့ စွမ်းအား ပြည့် အနုပညာ ဖန်တီးမှု့ တွေလျော့ ကျ ခဲ့  ရ တဲ့ နှစ် တွေ လို့ ဆို နိင်ပါ တယ်။ အဲဒီချိန် သူ နိင်ငံေ၇း လုပ်နေတာတစ်မျိုး ။ ပြဇာတ် မန်နေဂျာ လုပ် နေ ၇ တာ က တစ် မျိုး နဲ့ ဆို တော့ ။ (သူ နိင်ငံ ရေး နဲ့ ဘာ သက် ပြီး ဘယ် နေ ၇ာ က ရပ် တည် တယ် ဆို တာ ဒီ အောက် မှာဆက် ဖတ် ရင်း ထင် ၇ှားလာ ပါ လိမ့် မယ်။သူ အကြောင်း အသေး စိတ်က စာ အုပ် အထူကြီး တွေ ထုတ် မှ ဖြစ် မယ် ၊ ခု ဟာ က မိတ် ဆက် ပေးရုံ ပါ။)

အရေး ပါ တဲ့ တက်ကြွလှုပ်ရှား သူတစ် ယောက် အနေနဲ့ ဆို ရင် တော့ ပြင်း ထန်တဲ့ လှုံ့ ဆော် စည်းရုံး မှု့ တွေ လှုပ် နိင်ခဲ့ တဲ့ အချိန်တွေပါ။

၁၈ရ၁ ခု နှစ် မှာစပြီး  ဂျာနယ် လစ်အလုပ် လုပ် ရင်း  Scandinavia ဒေသ တစ် ခွင် သဘော တရားရေး ရာ ပို့ ချ မှု တွေ လုပ် နေ ခဲ့ တာ ပါ။



          ၁၈၇၄ က နေ ၁၈၇၆ ကြား သူ နော် ဝေး က နေ ပြည်ပကို  တိမ်းရှောင်သွား ခဲ့ ပါ တယ်။

သူ့ ဟာ သူ အေး အေး ဆေးဆေး တိမ်းေ၇ှာင် လာ ခဲ့ တာက နေ သူ့ အနုပညာ ဖန် တီး မှု့ အား ၀ိညဉ် ဟာ သူ့ ခန္တာ အတွင်း ပြန် ၀င် လာ ခဲ့ ပါ ပြီ ။ ၁၈၇၄ မှာ သူ့ ရဲ အနုပညာ၇ှင် ဘ၀သစ် ကို En fallit (A Bankruptcy) တို့ ၊ Redaktøren (The Editor)  တို့ တွေ နဲ့ ပြန် လည်နိုး ထ လိုက် ပါ တယ်။ အရမ်း ခောတ်မှီ ပြီး သရုတ်မှန် ဆန်လာတဲ့ ဆန်းသစ် တဲ့ ပြ ဇာတ်တွေ ဖြစ်ပါတယ်။ (အဲဒီဲ တစ်ချို့ ခောတ်တွေ မှာ ခောတ် မှာ သရုတ်မှန် ဆန်ဖို့ ကြိုး စား နေ ရ တာ ဟာ ကို က ပြင်း ထန် တဲ့ တော်လှန်ရေး ဖြစ် ပြီ်း ၊ တစ် ချိုက ခောတ် တွေ မှာ တော့ သရုပ် မှန်ဆီ ကို ရုန်း ကန် ဖောက် ထွက် ရ တာ တော် လှန်ရေး ဖြစ် ခဲ့ ပါ တယ်။ဒီလိုပါပဲ ၊ သမိုင်း ခောတ် တွေ ဟာ တပတ် စီ လည် ကြ ပါ တယ်။ ဒီလူကလေး ၀င် ၀င် ပါ ပြန် ပြီ )


သူဟာ Gausdal က Aulestad မှာ အခြေ ချ ခဲ့ ပါ တယ်။ ၁၈၇၇ မှာ သူဟာ Magnhild ဆိုတဲ့အခြား ၀တ္ထု တစ် အုပ် ထပ် ထုတ် တယ်။လူမှု့ ရေး ပြ သနာ တွေအပေါ် သူ့ရဲ့ ရင့်သန်စပြု လာ နေတဲ့ သဘော ထား တွေ ထင် ဟပ် နေပါတယ်။နောက် တစ် ခု ၊ Kongen (The King).  ဟာ ဆို ၇င် ရစ်ပါ ပလစ် ကန်သဘော ထား တွေ ကို ထုတ် ဖော် ထား တဲ့ ပြ ဇာတ် ပါ။အဲဒီပြ ဇာတ် ကို နောက် ထပ် ထုတ် တော့ အက် ဆေး ထဲ မှာ ပညာရေး လွတ်လပ် ခွင့် နဲ့ ပတ် သက် လို့ ဖွင့် ဆို၇ှင်းပြ ထား ချက် တွေ ပါ ပါ တယ်။

၁၈၇၈ ခု နှစ်ထုတ် တဲ့ Kaptejn Mansana (Captain Mansana),  က တော့ အီတလီလွတ် လပ် ရေး တိုက်ပွဲ အကြောင်း တွေပါ။



               တကယ်တော့လည်း ငယ် စဉ် က ပဲ ( ၁) Henrik Wergeland ကို မြတ် နိုး ခဲ့ တဲ့ Bjørnson ဟာ  နော် ဝေးဂျင်း လက် ၀ဲ လှုပ် ၇ှား မှု တွေ မှာ ပါ ၀င် လာ တာ မဆန်း ပါ ဘူး။ဒီတော့ လည်း အမျိုးသားရေး အတွက် ၁၈၆၀ နဲ့ ရ၀ ကြား ကာ လတွေ မှာ (၂)Ivar Aasen ကို ထောက် ပံ့တယ။် နိင်ငံရေး လှုပ်ရှားမှုတွေ ကိုလည်း အား ပေး ကူ ညီ တယ်။နောက် ပိုင် လက် ၀ဲ သမား တွေ အသာ စီး ရာ လာ တော့ လည်း  မိန့် ခွန်း တွေ ပြော တယ်။ လယ် သမား တွေ ဖက် က ၇ပ် တည် တယ်။ သူ့ ကိုယ် သူ လည်း လယ် သမား သား အဖြစ် ပဲ အမြဲ သဘော ထား ခဲ့ တယ် တဲ့။ နော်ဝေး အမျိုးသာ လှုပ် ၇ှား မှု့ တွေ မှာ ပါ ၀င် ခဲ့ ပြီး ၊သူ့ မှာ ကဗျာ ဓာတ်သား ပြည့် ၀ လှ တဲ့ ပုံ နှိပ် မထုတ် ဝေ တဲ့ ပြ ဇာတ် တွေ လည်း ရှိ ပါ တယ်။

             ၁၈၈၂ လောက် မှာ လည်း နော် ဝေး နိင် က ကနေ ပြည်ပကို ငါး နှစ် လောက် ထွက် ခွာ သွား ခဲ့ ဖူး တယ်။ ၁၈၈၄ မှာ"The Heritage of the Kurts ၊ ၁၈၈၉မှာ In God's Way ၊ ၁၈၉၅ မှာ"Beyond Human Power တို့ လို ပညာ ရေး နဲပ ပတ် သက် တဲ့ ဇာတ် လမ်း တွေရေး သား ခဲ့ တယ်။

            သူရဲ့ အရေး ပါ တဲ့ ပြ ဇာတ် တွေကတော့  Paul Lange og Tora Parsberg (  ၁၈၉၉ ) ၊  When the New Wine Blooms (၁၉၀၉) တို့ တွေ လို့ ပြော ရ မှာ ပါ ။

သူ့ ရဲ့ ဘ၀ နိဂုံး ပိုင်း နှစ်ပေါင်း နှစ် ဆယ် လောက် မှာ သူဟာ ဥရောပ စာ ပေလောက အတွက် အရေးပါတဲ့ ဆောင်းပါး ပေါင်းတစ် ရာ  လောက် ရေးပေး ခဲ့ ပါ တယ်။ ပြီးတော့ Slovakia မှာ ကလေး သူငယ်တွေ ရဲ့ အခွင့် အရေး နဲ့ ပတ် သက်ပြီး သူတို့ မိခင် ဘာသာစကား ကိုသင် ယူခွင့် ရ ဖို့ ရပ် တည် တိုက် ပွဲဝင် ခဲ့ သူပါ။ အခြား ဥရော ပ နိင် ငံ ရေး အပြောင်း အလဲ လှုပ် ၇ှား မှု့  များ စွာမှာပါဝင်ပြီးတိုက် ပွဲဝင်ခဲ့ တာတွေကလည်း  ပြော မဆုံပေါင၊် တော သုံး တောင် ဆိုတဲ့ သူပါ ။ သူဟာ ပရိတ်သတ် ဆီကို သာ မက နိင်ငံ ရေး သမား တစ် ယောက် အနေ နဲ့ အုပ် ချုပ် ရေး ပိုင်း တွေ ကို အထိ သြ ဇာ ညောင်း ခဲ့ ပါတယ်။ ။ ၁၉၀၅ ခု နှစ် မှာ နော် ဝေး- ဆွီဒင်ငြိမ်းချမ်းစွာ ကွဲေ၇း ပြဲ ရေး ကိ စ္စ နဲ့ ပတ်သက် ပြီး သူက ၀န် ကြီး ချုပ် ဆီ ကို ခပ် ပြတ်ပြတ် သံ ကြိုး ရိုက် တယ်' ဒီအချိန် က စည်လုံးညီညွတ် မှု ကိုဆက်ထိန်းထား ရ မယ် အချိန်' လို့ ။ ၀န်ကြီး ချုပ် က လည်း သူ့ ထက် ပို ပြတ် သလားတော့မသိ ၊သူ့ ကို တုံ့ ပြန် လိုက် တာ က ' 'ဒီအချိန် က ကျုပ် တို့ ပါး စပ် တွေ ပိတ် ထား လိုက်ရ တော့ မယ့် အချိန်' ဆိုပဲ ။ အဲ သလို မျိုးဆရာကြီး Bjørnson ကနည်း မျိုး စုံ နဲ့ ပေါက် ရောက် ပါ တယ် ။




                       ၁၉၀၃ ခု နှစ် မှာ သူ ဟာ နို ဘယ် ဆုချီး မြှင့် ခံ ခဲ့ ၇ ပါ တယ်။  သူ အသက် က ၇၁ နှစ် ၇ွယ်မှာ။သူ့ ကို နိုဘယ် ဆု ပေး တဲ့ အခါ၊ ၁၉၀၃ ဒီဇင်ဘာ ၁၀ ရက် နေ့ မှာ  Presentation  မိန့် ခွန်း ပြော တဲ့ Swedish Academy    ရဲ့ အမြဲ တမ်း အတွင်းရေးမှုး C.D. af Wirsén က သူ ဟာပြဇာတ်နဲ့ အခြား စာ တွေ ရေး ပေမယ်  ပြောင်မြောက်တဲ့ ကဗျာ ဆရာ တစ်ဦး လည်းဖြစ် တယ် ဆို တာ နဲ့ ၊ သူ ရဲ့ ကဗျာဝိညဉ် ပူးဝင် နေတဲ့ ကဗျာ စွမ်းအားအကြောင်း အလေး အနက် အသိ အမှတ် ပြု ပြော ကြား သွား ပါတယ် ။ (ဒါ ကြောင့် မြန်မာ ပြည်က တစ် ချို့ လူ တွေ စံ နှုန်း အရ ၊ကဗျာဆရာ မဟုတ်ဘူး ပြ ဇာတ်ေ၇း ဆရာ ကြီး ပဲ ဖြစ်၇မယ် လို့  တစ်ချို့လို့ အငြင်းပွား နိင်ချေ ရှိပေမယ့် ၊ ကျွန်တော့် က ဒီနေရာမှာ သူကို ကဗျာဆရာ အဖြစ် ရေး သား မှ ဖြစ် မယ်)။ နိုဘယ် ဆုေ၇ွးချယ် ရေးအဖွဲ က တော့ သူ့ ကို နိုဘယ် ဆု ပေး ရ တာ ဟာ ကဗျာအနုပညာဥာဏ်သွေးဖွံဖြိုးစေခြင်း မှာ ဆန်းသစ်မှု့ နဲ့  ကဗျာ အနုပညာ ရဲ့ အသက် ဓာတ်မှာ ရှိတဲ့ စင် ကြယ် မှု့ ကို အမြဲ့ ခြားနား ပေါ်လွင် ပြနေပြီး  တဲ့ သူ့ရဲ့ ကဗျာအရည် အသွေး ထူး ခြား မှု့ ကြောင့် လို့ ချီး ကြူး ဂုဏ် ပြု ပြော ဆို ခဲ့ ပါ တယ်။

သူ့ ရဲ့ ကဗျာ တွေ ထဲ က  နှစ် ပုဒ် ကို ထည့် ပေး လိုက် ပါ တယ် ။ ရေး တက္ကသိုလ်က ARTHUR HUBBELL  ရဲ့ TRANSLATED FROM THE NORWEGIAN  IN THE ORIGINAL METERS စာ အုပ် ထဲ ကအင်္ဂလိပ် လို ဘာ သာ ပြန် ထား တဲ့ သူ့  ကဗျာ ပါ ။ သီပေါမင်း တောင် ပါ တော် မမူရသေး ခင် နှစ်ပေါင်း ငါး ဆယ် ကျော် လောက် က တည်း က မွေး ခဲ့ တဲ့ နော် ဝေး လူ မျိုး ကဗျာ ဆရာ ရဲ့ ကဗျာ ။ ကမ္ဘာ့ တတိယ မြောက်စာပေ နိုဘယ် ဆု ရှင် ကြီး ရဲ့ ကဗျာ နှစ် ပုဒ် ပါ။
The Hare And The Fox




The fox lay still by the birch-tree's root
    In the heather.
The hare was running with nimble foot
    O'er the heather.
Was ever brighter a sunshine-day,
Before, behind me, and every way,
    O'er the heather!


The fox laughed low by the birch-tree's root
    In the heather.
The hare was running with daring foot
    O'er the heather.

I am so happy for everything!
Hallo! Why go you with mighty spring
    O'er the heather?

The fox lay hid by the birch-tree's root
    In the heather.
The hare dashed to him with reckless foot
    O'er the heather.
May God have mercy, but this is queer! —
Good gracious, how dare you dance so here
    O'er the heather?

                                       Bjørnstjerne Martinus Bjørnson



  
နောက် ထပ် တစ် ပုဒ် လောက်

A Sigh


Evening sunshine never
Solace to my window bears,
Morning sunshine elsewhere fares;—
  Here are shadows ever.


  Sunshine freely falling,
Wilt thou not my chamber find?
Here some rays would reach a mind,
  'Mid the dark appalling.

  Morning sunshine's gladness,
Oh, thou art my childhood bright;
While thou playest pure and white,
  I would weep in sadness.

  Evening sunshine's whiling,
Oh, thou art the wise man's rest;—
Farther on! Then from the west
  Greet my window smiling!

  Morning sunshine's singing,
Oh, thou art the fantasy
That the sun-glad world lifts free,
  Past my powers' winging.

  Evening sunshine's quiet,
Thou art more than wisdom's rest,
Christian faith glows in thee blest:
  Calm my soul's wild riot!


                                       Bjørnstjerne Martinus Bjørnson





               သူဟာ တစ် နှစ် တစ် လေဆောင်းရာသီတွေ မှာ ပြင် သစ်ကို ဆောင်းခိုဖိုေ၇ာက် နေလေ့ ၇ှိပါ တယ်။အဲသလို သွားရင်း နဲ့ ၁၉၁၀ ဧပြီ လ၂၆ ၇က် နေ့  ၊သူ့ အသက် ၇၇ နှစ် အရွယ် မှာ သူ ပြင်သစ် နိင်ငံ ၊ပါ ၇ီ မြို့ မှာ ကွယ် လွန် အနိစ္စ ရောက် ခဲ့ ပါ တယ်။ နော်ဝေး ရဲ့ ရွှေတောင်ကြီး ဟာ ပြင်သစ်မှာသွားပြီး ပြိုကျ တယ်။   မရဘူး ၊ နော်ဝေးက ကမ်းစောင့် တပ် သင်္ဘော HNoMS Norge ကိုစေလွတ် ပြီး သူ့ ကို အမိမြေ ကို ပြန် သယ် လာ ခဲ့ ပါ တယ်။ငါ တို့ နိင်ငံ ရဲ့ က ရတနာကြီးကို ပြင် သစ် မှာ တော့ ပေး မထား နိင်ပါ ဘူးဆို တဲ့ သဘောပေါ့ ။



                 သူ ဟာ အကျော်ဒေး ယျ နော်ဝေးစာပေ ထိတ်သီးဆရာကြီး လေး ယောက် (Henrik Ibsen, Jonas Lie, Alexander Kiell and Bjørnson  )  အနက် တစ် ယောက် ပါ။ နော်ဝေစကားပြော တယ်။ နော် ဝေး နိင်ငံ တော် သီး ချင်း(  [ဟုတ်တယ် ၊ ကျုပ်တို့ ဒီနိင်ငံ ကို ချစ် ကြတယ် ]  Ja, vi elsker dette landet". )   ဆိုတာသူ့ရဲ့ lyrics  ပါပဲ။

ဒီလိုနဲ့ နော် ဝေနိင်ငံ အတွက်ေ၇ာ ကမ္ဘာ စာ ပေ အတွက် ပါ အရေးပါ  ထင် ၇ှား လှ တဲ့ အနုပညာရှင် ကြီး တစ် ဦး ဟာ အနုပညာ ရှု့ ထောင့်  က ကြည့် မယ် ဆိုရင် သူ့ ဘ၀ ကို ပြီး မြောက် အောင်မြင် စွာ အဆုံး သတ် ခဲ့ ပါ တယ် ။

           မေတ္တာသက်သက် အား ကိုး ဖြင့်


               ဒီလူကလေး





၁။Henrik Wergeland ; (၁၈၀၈ ဇွန်လ ၊၁၇-၁၈၄၅ ဇူလိုင်လ ၊၁၂ ) နော်ဝေးလူမျိုး ကဗျာဆရာ ၊စာရေးဆရာ ၊ ဆန့်ကျင်ဆွေးနွေးရေး ပညာ ၇ှင် ၊သမိုင်း ပညာရှင် ၊ ဘာသာစကားရေးရာ ကျွမ်းကျင်သူ ၊ပြောရ ရင်ဂုရုကြီး ။

၂။ Ivar Aasen Ivar Andreas Aasenး(၁၈၁၃ သြဂုတ်လ၊၅-၁၈၉၆ စက်တင်ဘာ၂၃) သူက နော်ဝေး လူမျိုး ဘာ သာ စကား ပညာရှင်၊ကဗျာဆရာ အနုပညာ၇ှင်။ဘာသာစကားသုတေသနလုပ်ခြင်း အဘိဓာန်များ ၊ သဒ္ဒါစာအုပ် များ နှင့် ရိုးရာစကားပုံများ အပြင် အခြာားသာစကား ဆိုင် ၇ာ အလုပ်များ လုပ် သည်။ နောက် ပိုင်း သူဟာ နော် ဝေးနိင်ငံ အမျိုးသားနိင်ငံရေးလောက တွင်အရေးပါကျော်ကြား လာတယ်။

စာညွှန်း။     ။


-Critical Studies of Ibsen and Bjørnson by G. Brandes (1899);

-Bjørnstjerne Bjørnson: A Study in Norwegian Literature by H. Larsen (1944);

-A History of Norwegian Literature by H. Beyer (1956);

-Henrik Ibsen by Georg Brandes (1964, with a long essay on Bjørnson);

-Modern Norwegian Literature 1860-1918 by B. Downs (1966);

 -Bjørnson: Land of the Free. Bjørnstjerne Bjørnson's American Letters 1880-1881, ed. by E.L. and E. Haugen (1978);

 -The Vocabulary of Bjørnson's Literary Works by E. Haugen (1978);

-Bjørnstjerne Bjørnson by P. Amdam (1978);

-Vennskap i storm: Bjørnstjerne Bjørnson 1875-1892 by Edvard Hoem (2010);

-Det evige forår: Bjørnstjerne Bjørnson 1899-1912 by Edvard Hoem (2012)  

-Sigurd Slembe (Sigurd the Bad) (1862, epic poem)

-Digte og sange (Poems and Songs) (1870, poems)

-Arnljot Gelline (1870, epic poem)

-TRANSLATED FROM THE NORWEGIAN  IN THE ORIGINAL METERS BY ARTHUR HUBBELL PALMER (Yale University)
-Presentation Speech by C.D. af Wirsén, Permanent Secretary of the Swedish Academy, on December 10, 1903

 by ဒီ လူ ကလေး (Notes) on Tuesday, 26 March 2013 at 11:09

No comments:

Post a Comment