Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

2012 ဟာ ………. ခင်ဗျားကို


ခင်ဗျားဟာ ၂၀၁၂ အတွင်းမှာ သရေပင်လိုကျင့်ရမယ်
ခြေထောက်အသမာတက်အောင် လမ်းတွေကိုဖိနင်းနေရမယ်
အပူချိန်မြင့်တက်လာတာနဲ့အမျှ ဦးထုတ်ဆောင်းတတ်ရမယ်
မျက်မှန်တပ် ခပ်တည်တည်သရုပ်ဆောင်တတ်ရတော့မယ်
မျက်လှည့်ပွဲမှာ အနည်းဆုံးမျက်လှည့်ဆရာစိတ်ကြိုက် အံသြမှုကို ဟန်ဆောင်တတ်ရမယ်
ဝေ့လည်ကြောင်ပတ် Gun & Rose နားထောင်တတ်နေရမယ်
မြားတစ်စင်းနဲ့ငှက်နှစ်ကောင်ကို တစ်ချက်တည်းပစ်ချတတ်ရမယ်
အများသုံးဘတ်စ်ကားတွေ စီးတတ်ချင်ယောင်ဆောင်ရမယ်
စေတနာတွေပါ ၊ စေတနာတွေပါ လှိုင်လှိုင်ပြောတတ်ရမယ်
လိုအပ်ရင် ချေးငွေယူတတ်ရမယ်
လိုအပ်ရင် ရန်ငါစည်းပြတ်ရမယ်
လိုအပ်ရင် ပုလင်းတူဗူးစို့ တွေနဲ့ ပါရမီတွေ ဖြည့်စွက်ထားရမယ်
လိုအပ်ရင် တိုင်ရီအလုပ်သမ တွေကို ငေးမောကြည့်နေတတ်ရမယ်
လိုအပ်ရင် ချမ်ချမ်းလို စီးရီးတစ်ခွေစာ ငိုတတ်ရမယ်
လိုအပ်ရင် ပါးစပ်ကို ကိုယ်တိုင် အဖွင့်အပိတ်လုပ်တတ်ရမယ်
လိုအပ်ရင် ဟိုလိုလို ဒီလိုလို ထွေခင်းတတ်ရမယ်
ဒီအချိန်မှာ ဒီမိုးရွာမယ်မှန်းသိရင် ဒီမိုးရေကိုခံယူတတ်ရမယ်
ဒီအကြောင်းတွေးနေရင် ဟိုအကြောင်းတွေကို မေ့ထားတတ်ရမယ်
ဒီအချိန်မှာ အာဘောင်အာရင်းသန်မစားရ၀ခမန်း စကားကျယ်ကျယ်ပြောပြရတော့မယ်
ဒီအခင်းအကျင်းမှာ မျှော်လင့်ချက်ကြီးကြီးမားမား ထားတတ်ရမယ်
ခင်ဗျားကို၂၀၁၂ ဟာ ရေခဲသေတ္တာထဲက ကျွဲရိုင်းတစ်ဗူး ဖောက်သောက်သလောက်
ခင်ဗျားကို ၂၀၁၂ ဟာ  ၄၀ ကျော်မှ ငယ်ချစ်ဟောင်းကို တွေ့ရသလောက်
ခင်ဗျားကို၂၀၁၂ ဟာ OG တစ်လုံးနဲ့ ချေပဂိုးသွင်းလိုက်တာလို့
ခင်ဗျားကို ၂၀၁၂ဟာ ချိုချဉ်တစ်လုံးစုပ်နေသလို စုပ်တသပ်သပ်
ခင်ဗျားကို ၂၀၁၂ဟာ သခင်ကိုယ်တော်မှိုင်းလိုလို ဟစ်တလာလိုလို
ခင်ဗျားကို ၂၀၁၂ဟာ သူငယ်ချင်းတွေနဲ့ဘီယာသောက်သလောက်ရန်ဖြစ်သလောက်
ခင်ဗျားကို ၂၀၁၂ ဟာ လမ်းမှာကောက်ရတဲ့တစ်ပိုင်းပြဲတစ်ပိုင်းကောင်း ပိုက်ဆံတစ်ရွက်လို
ခင်ဗျားကို ၂၀၁၂ ဟာ နတ်လမ်းညွှန်ထားတဲ့ ဂယ်ပေါက်

၂၀၁၂ မှာ ခင်ဗျားဟာ မျက်လုံးနှစ်လုံးကိုတစ်ဖက်စီ တွေးခေါ်နေတတ်ရမယ် ။

ဘိုဟန်
 Thursday, March 29, 2012 at 9:44pm

No comments:

Post a Comment