“ ကိုစိန် ၊ ခင်ဗျားတို့အဖွဲ့ မနက်ဖြန်ကစပြီး ခဏ နားကြပါဦးဗျာ ။
ခင်ဗျားရယ် ကိုချိုရယ် ၊ နောက် ဟို စွပ်ကျယ်အဖြူနဲ့ နှစ်ယောက်ရယ် ၊
လိုအပ်တာနဲ့ ခင်ဗျားတို့ကို ကျွန်တော် ပြန်ခေါ်ပါမယ် ၊
ညနေကျ သုံးရက်စာ နေ့စားခ ထုတ်သွားကြဗျာ ”
လှုပ်လို့ရပြီ ၊ လှုပ်လို့ရပြီ
ဖိုးစိုး နဲ့ သားချစ် လှုပ်လို့ရပြီ
M . H . A လှုပ်လို့ရပြီ
( ဒဗ္ဗလင် ၊ ရှဲဟီးနေအိမ် ၊ ဗဲဖီဒီရီးအရပ် )
ဟန်နာရှဲဟီး ။ ။ အို လူစုလူဝေးများမှာကတော့ သေချာပါရဲ့
စကက်ဖင်တန် ။ ။ ဖြစ်နိုင်ပါရဲ့ ၊ တို့မိတ်ဆွေ ဂျိုကတ်ကတော့
ပြောတော့မှာပဲ ၊ အဲဒီနေ့ဟာ ဆူညံနေမယ့်နေ့ပဲ ။
မစ္စရှဲဟီး ။ ။ ( အာပေါင်ရင်း သန်သန်ဖြင့် ) ခုပဲ ဆူဆူညံညံအသံတွေဟာ
တံခါးပေါက်မှာ ရောက်နေပြီ ။
လှုပ်လို့ရပြီ ၊ လှုပ်လို့ရပြီ
ကမ္ဘာမြေ ..... ငြိမ်းချမ်းပါစေ ..... ပန်းပွင့်တွေ ဆုတောင်းနေ
လှုပ်လို့ရပြီ ၊ လှုပ်လို့ရပြီ
အဲဒီအခါကျမှ ပြန်ဆုံကြတာပေါ့

ဒစ်(ခ)ရှဲဟီး ။ ။ မုသားဆိုတာ ဘာလဲ ၊ ကျွန်တော်မေးစမ်းပါရစေ ဥက္ကဌကြီးရဲ့ ။
မစ္စတာရှဲဟီး ။ ။ အမိန့် ၊ အမိန့်
ဖာလွန် ။ ။ ဒါမုသားဆိုတာ ခင်ဗျားသိပါတယ် ။
မစ္စတာရှဲဟီး ။ ။ စကား ပြန်ရုပ်သိမ်းပါ ခင်ဗျား ။
ဒစ်(ခ)ရှဲဟီး ။ ။ ကျွန်တော်ပြောတာက .............. ။
ဖာလွန် ။ ။ မဟုတ်ဘူး ။ ကျွန်တော် မရုပ်သိမ်းဘူး ။
မစ္စရှဲဟီး ။ ။ ဒွန်ဘီးရဲ့ လေးစားအပ်တဲ့ ( အမတ်မင်း ) တွေကို ပြောနေတာ
အမိန့် ၊ အမိန့် ။
“ အကြမ်းတစ်နေရာတော့ ဆရာစီစဉ်ပေးရင် ဖြစ်ပါတယ် ။ ဆရာရယ် ။
ကျွန်တော်ခက်နေလို့ပါ ၊ တကယ်ခက်နေလို့ပါ ၊ ဘယ်ရွေ့ ဘယ်မျှ မပြောပါဘူး ဆရာရယ် ၊
ကြည့်သာ ပေးပါ ”
လှုပ်လို့ရပြီ ၊ လှုပ်လို့ရပြီ
အသံအောင်တဲ့ မောင်မောင်ကြီးကိုလည်း ကြိုက်
တက်ကြွတဲ့ ကြက်ဖကိုလည်းကြိုက်

ဂွိုက်( စ် ) ။ ။ ခင်ဗျားသူ့ကိုရည်ညွှန်းပြောတယ်လို့ ကျွန်တော်နားလည်ပါတယ် ။
ဒါပေမယ့် သူအသက်နဲ့ ပတ်သက်ပြီးလို့ လွဲမှားနေတယ် ။
မဂ္ဂီးရှဲဟီး ။ ။ (ကိုယ့်ကို ရှေ့ဘက်ကိုင်းညွှတ်ကာ လေးလေးနက်နက်ပြော )
ဘာလို့လဲ ၊ သူအသက်က ဘယ်လောက်ရှိပြီလဲ ။
ဂွိုက် (စ်) ။ ။ ခုနှစ်ဆယ့်နှစ်
မဂ္ဂီရှဲဟီး ။ ။ သူအသက် အဲသလောက် ရှိပြီလား ။
“ အခိုက်အတန့်ပါဗျာ ၊ ခဏလေးပဲစောင့်ပါ
ခင်ဗျားတို့အားလုံး ကျွန်တော် ပြန်ခေါ်ပါမယ် ။ ။
မောင်ပြည့်မင်း
ဂျိမ်း(စ်)ဂွိုက်(စ်)လင်းပွင့်မှုများ
“ James J0yce ' Epiphanics '
ကမ္ဘာ့ကဗျာနေ့

No comments:
Post a Comment