Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ဤအခြေအနေခေါင်းစဉ်အားအမည်တပ်ရန်စဉ်းစားမရနိုင်ခြင်း PENDING !



ဤအခြေအနေခေါင်းစဉ်အားအမည်တပ်ရန်စဉ်းစားမရနိုင်ခြင်း PENDING !

Snareအဖွဲ့ကနှစ်ကောင်နဲ့သဇင်နဲ့ ကမ္ဘာပတ်ပြီးဈေးဝယ်ထွက်တဲ့အကြောင်း
သီချင်းတစ်ပုဒ်နားထောင်မိခြင်းစတင်မှုနိဒါန်း ဖလန်းဖလန်းဖြစ်နေကြဆဲ
ခေတ်ပေါ်လူငယ်များစွာဥဿုံဒီဇိုင်းအထွေထွေ လေနေတယ် ၊ ကြွေနေတယ် ၊ ဝေနေတယ် ၊
မွှေနေတယ်၊ အသေအကြေပဲ ဘာလဲတော့မသိ စိတ်ထဲမှာ အဲဒီလို စွဲစွဲနေ ငကန်းသေသွားတာလား ၊
ဟင့်အင်းမပူပါဘူး နောက်ငစွေပေါ်လာမှာ ကျွန်မက အဲဒီလိုကျင့်သုံး ရည်စားထားတယ်
2012 ခုနှစ်ကစ လိင်တူ လိင်ကွဲ တပ်မက်မှု သက်ရှိအားလုံး ပွင့်လင်းမြင်သာ ပိုမိုထင်ရှား
အကင်စားမလား73 လမ်းပေါ် အမြင်မတော်မှုတွေ သွားသွားငေးငေးနေကြ
ကျွန်တော့်သူငယ်ချင်းအုပ်စုပေါ့ကိုဘီဂျေ အထဲဝင်ပါအုံးလား စကားမစပ် By theway
ကျွန်တော်UCSM ကပါ ရွှေလက်ရာမှာအကြော်နဲ့မုန့်ဟင်းခါး လေးရာဖြစ်ပြီ
တစ်- နေရာယူ ၊ နှစ် - အသင့်ပြင် ၊ သုံး- ကျည်ဆံထည့် ၊ လေး - မောင်းချိန် ၊ ငါး -အော်သံပေး
ခြောက်- ပစ်နိုင်ပြီ ခ စ် ခ စ် ခ စ် ကျွန်တော်နိုင်ပါတယ်ဆို အသည်းနှလုံးနဲ့ပါစက်ရုပ်မဟုတ်ဘူး
အတည်တစ်ကယ် ကျွန်တော်နိုင်သွားပြီ
*( ထထိုင် ထထိုင် ထိုင်ပြီးထ၊ ထလို့ထိုင် ညောင်းလို့ပါထိုင်လိုက်ရ ၊ဘယ်သူနှလုံးသားလေးထဲ လာပြီး ? )
ဒါကြီးဘာကြီးလဲ This is an art object. မှတ်ပါ - ဤအရာသည် စာသားအဆောက်အအုံ
အနုပညာပစ္စည်းလျှောက်ကလစ်ကြည့်လိုက်တယ် ကျွန်တော် ဇူကာဘာ့ခ်နယ်မြေဟာ
သက်ရှိတစ်ချို့နှင့်Danger အဖြစ် ပိုပိုပေါ်လွင်ထင်ရှား ကဗျာဆိုတာပြုလုပ်ခြင်းလား ?
စာသားအဆောက်အအုံဆိုတာဖန်တီးပြုလုပ် အသစ်ထွင် စမ်းသပ်ခြင်းလား ?
ကဗျာဖြစ်ခြင်း၊မဖြစ်ခြင်း ၊ အနုပညာရသမြောက်ခြင်း၊ မမြောက်ခြင်း တိုင်းထွာရန်လိုအပ်လျှင်
မည်သည့်ပေတံစံနှုန်းနှင့်ကျွန်တော်က ရှေးဟောင်းပြတိုက်ပါ ၊
ခင်ဗျားတို့တစ်ချို့ကအရွယ်အစားအမျိုးမျိုး သက်ရှိပေါင်းစုံပါ ၊ ဟိုဟာဒီဟာက ဘာမှမဟုတ်ပါ
မော်ပါ၊ ကြွားပါ ၊ အသံကောင်းဟစ်ပါ ၊ ဖွပါ ၊ ဆူပူအောင် လှုံ့ဆော်ကြပါ ၊
ပုဆိုးခြုံပြီးဘာညာပြကြပါ ၊ အသည်းအသန်ဂေါ်ပါ ကိုယ့်သမီးချောမချောအရပ်ကပဲ ပြောကြလိမ့်၊
ခေတ်ပေါ်ယဉ်ကျေးမှုတွင်နေရာယူတတ်ရန် ပညာတစ်ရပ် သင်ယူနေခြင်း
ဖြေရှင်းရန်လိုအပ်လျှက်ရှိPending Status များ လွင့်ခနဲ ၀ဲခနဲဖွေးဖွေးလှုပ်
နွေဦးရာသီတွင်တလွင့်လွင့် ပွင့်ကြွေ အချစ်ဆိုတာ I Phone ပါ ၊
အချစ်ဆိုတာအထက်ဖော်ပြပါ ၊ အချစ်ဆိုတာ အောက်ပါအတိုင်းပါ ၊
ဘ၀ဆိုသည်နှေးကွေးလေးလံသော ဂိမ်းကစားနည်းတစ်မျိုးဖြစ်ခဲ့လျှင် ဆိုးလွန်းတာပဲ
သူ့အကြောင်းဘာတစ်ခုမျှ ဂဃနဏ အသေအချာ သိရှိခြင်းမရှိ သူ = Crypto Person
ကျေးဇူးပြု၍နားဆင်ပါယခုဖျော်ဖြေရန်အလှည့်ကျလာသူသည် သင်နှင့်တကွ သက်ရှိအားလုံး ဖြစ်ကြောင်း
သာကြောင်း- မာကြောင်း - ယနေ့ခေတ်တွင် အဆင်ပြေခြင်းသည် ပျော်ရွှင်မှုတစ်မျိုးဖြစ်ကြောင်း
ပြောင်းလဲခြင်းသည်ကသောင်းကနင်းဖြစ်လျှင် ကျွန်တော်ကိုယ်တိုင်ပင် မှားယွင်းမိပါသည်
ဟုတ်ကဲ့ကျွန်တော့်နာမည်အစစ်အမှန်ကတော့ ရွှေကိုယ်နတ် ဖြစ်ပါတယ်ခင်ဗျာ
အသေအကြေပဲဘာကိုလဲမသိ စိတ်ထဲမှာ အဲဒီအရာတွေက Iterate& Looping
ဖြေရှင်းရန်လိုအပ်လျှက်ရှိModify Process များ ဖွေးဖွေးလှုပ်စိတ်အခြေအနေတွင် တလွင့်လွင့်ပွင့်ကြွေ
So, This case is PENDING !  ။              ။

 * = ထိုင်ထ သီချင်းစာသား - တေးဆို နီနီခင်ဇော်

 

   ရွှေကိုယ်နတ်(UCSM)
 [ 24.04.13 – 11:20 AM ]

No comments:

Post a Comment