Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

@ ကျယ်မှန်းသိတော့ကျဉ်းထားတယ် @

ဒီအကြောင်းပြောရင်
ဘုရားမှာ လွှတ်တဲ့ ငါးတွေငှက်တွေပဲ
ကိုယ်စားသရုပ်ဆောင်ပေးနေရ။

ရွာသူရွာသားတွေအတွက် လုပ်တယ်
ကမာသူကမာသားတွေက သိတယ်

မထူးဆန်းဘူးလား
သစ်တောကြီးက ဘလိတ်ဓားလေးကို
ကြောက်သတဲ့။

အဲဒီနေရာ ဗလာဖြစ် မဖြစ်ဟာ
အမှန်တရားနဲ့ ပြောင်းပြန်အချိုးကျတယ်။

ဟိန်း

No comments:

Post a Comment