Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

စိတ်ပေါ်ကျသော မီးပွားများ



စိတ်ပေါ်ကျသော မီးပွားများ
ဝေးခေါင်

မိုးကတော့
စိတ်မရှည်ချင်စရာမိုးပဲ။

ခွေးခြေပေါ်က အသက်ရှူသံဟာ
တစစ မှိုနံ့ထွက်လာတယ်။

ကိုယ့်လူတွေရဲ့ သွေးပူလေ့ကျင့်ခန်းက
တခွက်ပြီး တခွက်
နောက်ထပ် တခွက်ပြီး တခွက်
ဆိုင်ထဲက ထွက်မလာတော့ဘူး။

အခန်းတိုင်းမှာ
အချစ်ဝတ္ထုရှိတယ်
နားကြပ်ကက်ဆက်ရှိတယ်
အီလက်ထရောနစ်တူးမြောင်းတွေရှိတယ်
အီသာအာကာသထဲ
ခွေခွေလေးကွေးချင်နေတဲ့
ဖြူဖပ်ဖြူရော် ယုန်တကောင်စီရှိတယ်။

မိုးတောထဲဖြတ်ပြီး
နေရောင်ခြည်ရှိရာအရပ်ကိုသွားဖို့
ဈေးကွက်ထဲမှာ
ကိုလံဘတ်စ်လို ကုမ္ပဏီတွေလိုတယ်။

ပြီးတော့
ပျင်းမုန်းစရာ
ဟောဒီကောင်းကင်အဟောင်းကြီးကို ဖြုတ်ချပြီး
ဂြိုဟ်၊ နက္ခတ်အသစ်တွေ လဲတပ်ဖို့လိုတယ်။ ။

ဝေးခေါင်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၄ ခုနှစ်)
 
ဒေါက်တာလွဏ်းဆွေ ဘလော့ မှ

No comments:

Post a Comment