Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ဂီတ

လမ်းဘေးမှာအေးအေးဆေးဆေးအိပ်နေတဲ့ခွေး
ရုတ်တရက်ကားဖြတ်နင်းခံရ
ခြေနှစ်ချောင်းသွင်သွင်ကျိုး
နာလွန်းလို့ခမျာမှာ
ဘယ်လိုအော်ရမှန်းမသိ
သူ့အသက်ရှု ရေ ငင် ပုံး လေး
ရေတွင်းနက်နက်ကြီးထဲ
ငင်ငင်နေတာမြင်ရ ။
မောင်ချောနွယ်
ကဗျာထဲမှာရုတ်တရက်ပေါ်ပေါက်လာတဲ့နာကျင်မှုဟာချက်ချင်းပဲ
အထွတ်အထိပ်ကိုရောက်ရှိသွားခဲ့တယ်။မောင်ချောနွယ်ဖော်ပြတဲ့
နာကျင်မှုဟာအသက်ဓါတ်မီးစာကိုလှုပ်ရှားယိမ်းထိုးသွားစေတဲ့အထိ
ပြင်းထန်ပါတယ်။သူ့အသက်ရှု ရေ ငင် ပုံး လေး ၊ ရေတွင်းနက်နက်ကြီးထဲ
ငင်ငင်နေတာမြင်ရ  ဆိုတဲ့အလွန်လှတဲ့နမိတ်ပုံကြောင့်သူ့ဆီကနေထွက်ပြေးဖို့
ကြိုးစားနေတဲ့အသက်ဓါတ်လေးကိုပြန်လည် ဆွဲငင် ထိန်း သိမ်း
ယူနေရတဲ့သတ္တဝါရဲ့အဖြစ်ဟာထိတ်လန့်ဖွယ်ပေါ်လွင်လာခဲ့  ။
ဒီနမိတ်ပုံကြောင့်ပဲကဗျာကပေးတဲ့နာကျင်မှုဟာဒီဂရီ အမြင့်ဆုံး
ရောက်ရှိခဲ့ခြင်းဖြစ်တယ်။
တကယ်တော့မောင်ချောနွယ်ရဲ့ကဗျာတွေဟာသူ့စကားနဲ့ပြောရရင်
ကိုယ့်သွေးအန်ဖတ်တွေနဲ့ကိုယ်ဆောက်ထားတဲ့ဇီဝဇိုးငှက်သိုက်လေး
တွေပဲဖြစ်ပါတယ်။
အောင်ခင်မြင့် ရဲ့ နာကျင်မှုသို့မဟုတ်၂၀ရာစုအနုပညာ၏အကြောင်းအရာမှ
 http://www.mysuboo.com မှ

No comments:

Post a Comment