Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

လူဝင်စားတွေထိုင်တဲ့ကဖေး



ဂစ်တာတီးမယ်
ပန်းချီဆွဲမယ်
ကဗျာရေးမယ်
အောင်မြင်လာတဲ့တစ်နေ့ကျရင်ပြန်ပေးမယ်
ငါတို့ကို ငွေရင်စိုက်ထားစမ်းပါ
ဘဏ်တိုက်ကြီးတွေရယ်...။
ဆေးပေါ့လိပ် ပါးစပ်မှာချိတ်
စိတ်ကူးတွေတွင်းတူးကြ
ရေနံတွင်းဆယ်တွင်းမှာ
တစ်တွင်းလောက်ပဲသေချာပါသတဲ့
အရပ်ဆယ်မျက်နှာမှာ
လက်ဖက်ရည်တစ်ခွက်က ပိုကျိန်းသေကြ
ဟိုတုန်းက...ပါရီလို
ကဖေးတစ်ခုခုမှာ ဆုံချင်ကြ
လူသစ်ဓာတ်သစ်နဲ့
ဘ၀တွေ ဘ၀ပြီး ဘ၀ပြောင်းကြ...။
မွန်ခ်ျလား
မြို့မငြိမ်းလား
ဆီလ်ဗီယာပလောသ့်
အခုတင် အမည်ပြောင်းပြီး ထွက်သွားတယ်...။
အနုပညာဆိုတာ
ကျောသားရင်သားမခွဲခြားဘဲ
လူတောထဲ ပစ်ပယ်ခံဖို့
ငါတို့ ပြန်လာကြတာပေါ့ ။     ။

ဝင်းမြင့်

No comments:

Post a Comment