Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

မာရ်နတ်လည်ပင်းမှခွေးသေကောင်ပုပ်ကို အလျင်စလိုဖြုတ်သင့် ၊ မဖြုတ်သင့်


သွေးဆုံးသားဆုံး ဦးခေါင်းကြီးတွေ မတ်တပ်၊ဟိုဘက်တိုးလိုက်ဒီဘက်တိုးလိုက်
လှည်းနေလှေအောင်းမြင်းဇောင်းမကျန် လူအပေါင်းမှာ အပူခေါင်းအုံးပေါ် အိပ်စက်

မနက်ဖြန်နံနက် ကြေငြာချက်အသစ်နဲ့ ဆက်လက်ထွက်ခွာကြပါဦးမည် ။
မြေဇာမြက်ပင်လေးတွေ ရှင်သန်ဖို့အရေး တစ်ဦးတစ်ယောက်က တွေးခေါ်ပေးဖို့
အဆာပလာမပါတဲ့ ဟင်းအိုးဟာ ငါတို့လည်ချောင်းမှ ငါတို့အစာအိမ်အထိ ငါတို့ရုန်းကန်ကြ
ကိုယ့်အိပ်မက်ထဲကိုယ်တိုင် ပိတ်မိလို့ “ဒီနေ့တွတ်ပီ ကံမကောင်းပါလား ” အဖိုးကခုထိပြောတုန်း
လှေကြီးထိုးရိုးရိုးတွေက သူလမ်းအတိုင်းသူသွားနေကြပါသည်။ဘုမသိဘမသိ အဖိခံရတော့လည်းသူတို့တွေပဲဖြစ်ကြပါသည် ။ (ပြည်သူ ။အောက်ခြေလူတန်းစား ။လူလတ်တန်းစား။အောက်ခြေ၀န်ထမ်းများ ။)
မကြာခင် တိုက်မြင့်ကြီးများပြိုကြသွားနိုင်ကြောင်း မော်စီတုန်းကြီးလာသတင်းပေးလျှင်တောင်မယုံကြရန်။
မှတ်ချက်ကိုယ်တွေ့ဖြစ်ပါသည်များ ဒီအချိန်မှာ ကိုယ်ပေါင်ကိုလှန်ထောင်းသင့်ပါကြောင်း သတင်းကောင်းပါး အပ်ပါသည်။
အရင်းစစ်က အမြစ်ကိုမြင်နိုင်ရန် ဆရာရွှေရ(တောင်ကုတ်) ကဗျာတစ်ပုဒ်မှာ ပြောသွားပါသည်။
အဖြေရှိပြီးသားပုစ္ဆာများအား ဟစ်တလာ က သူ၏အောက်လက်ငယ်သားများအား ဖြေရှင်းခိုင်း (နုရင်ဘတ်မြို့၌)
ခွေးမြီးကောက်ကျီတောက်စွပ်ဆိုသော စကားပုံ၌ များသောအားဖြင့်ခွေးများကို အပြစ်တင်ကြ ။
ခွေးအမြီးသည် သဘာဝအတိုင်းကောက်မြဲ၊ကျည်တောက်စွပ်ပေးသူများ၌သာ အပြစ်ရှိပါကြောင်း

ပဲစိမ်းလုံးများကို လိုအပ်သည်ထက် ပို၍စားသုံးပါက အန္တရာယ်အလွန်ကြိးမားလှကြောင်း ဥပမာ
ကြော်ငြာများအားကောင်းလာခြင်းဖြင့် လူတို့များများအလိမ်ခံနေရကြောင်း ကလေးများTVမကြည့်ရန်
အခြေအနေများသည် အဖက်ဖက်မှ ဆိုးဝါးနေ ၊ အနောက်၊ မြောက် အလယ်ကလူများစကားမ၀ဲသင့်
လေတိုက်တိုင်းယိမ်းနေကြသော သစ်ပင်ကြီးများသည် သစ်ခုတ်သမား၏ စိတ်ကြိုက်ဖြစ်တတ်ပါသည်။

နောက်ဆုံးအနေဖြင့်

မာရ်နတ်လည်ပင်းမှ ခွေးသေကောင်ပုပ်ကို အလျင်စလိုဖြုတ်သင့် ၊ မဖြုတ်သင့် ။

 ဘိုဟန်
  Tuesday, June 12, 2012 at 1:12am

No comments:

Post a Comment