Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ပွဲတော်ဆုတောင်း



နှစ်ဟောင်းအကုန်မှာ
ပွင့်လင်းရာသီ လင်းပွင့်လို့လာ
ကိုယ်စိုက်ပျိုးခဲ့ကြသမျှ
ရိတ်သိမ်းရတော့မယ့် ချိန်ခါ
ဟိုနေရာဒီနေရာ အရောင်လက်လက်
ပျော်အပြုံးများအတွက် အဖျက်ပိုးတွေကင်းပါစေ
ကြည်ပြာရောင်  ကောင်းကင်တစ်ခွင်
တိမ်ပုပ်တိမ်မည်း ကင်းရှင်းကြည်စင်ပါစေ
ကိုယ့်ရပ်ကိုယ့်ရွာ ချစ်မြတ်နိုး
ရဲရင့်ကြံ့ခိုင် ရွာစည်းရိုးများ
တောကြောင်တွေ ဝေးရာရှားလို့
ပတ်မကြီးလည်း ဘေးကင်းပါစေ
လေထုထဲ သင်းပျံ့ဝဲပျံ ဗေထိသံဟာ
ရွာဦးစေတီပွဲအကြောင်း
နားတွေထဲ သကာရည်လောင်းသွားခဲ့ပြီ
သူကြီးဘုရားဆိုသော်ငြား
ရွာသူရွာသားကောင်းမှုမို့
ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ ဘုရား
ဒီတစ်နှစ်  အရပ်ပြဇာတ်သစ်မှာ
တပည့်တော်တို့ ရွာသူရွာသားများ
ပါဝင်ကပြခွင့် ရကြပါစေသား  ။          ။

အဂ္ဂလင်း

ရနံ့သစ် မေလ ၂၀၁၂


အသံဖိုင်

http://www.mediafire.com/?8i5j9pcmc947avx

No comments:

Post a Comment