Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

အို..မဟတ္တမ

ငြိမ်းချမ်းရေး တမန်တော်ကြီး

အကြမ်းမဖက်တဲ့ လက်နက်နဲ့ ကမ္ဘာ့လူဦးရေ ငါးပုံတစ်ပုံကို ကယ်တင်သူ

အဟိံသ ဆိုတာ လူပြိန်းတွေ နားလည်အောင် ရင်ဘတ်နဲ့တံတားခင်းတဲ့ အဖ

ဖျင်ကြမ်း အကျီ င်္နဲ့ ဘ၀ဂတ်ဂီတနဲ့ ဆားလက်တစ်ဆုပ်နဲ့ သူတော်စင်

ငြိမ်းချမ်းရေးအတွက် လွတ်လပ်ရေးအတွက် အစာမစားပဲ တိုက်ပွဲဝင်သူ

ဟိန္ဒူဘာသာဝင်များရဲ့ ခေါင်းဆောင် ၊ မူဆလင်လူမျိုးများရဲ့ ကယ်တင်ရှင် ( အိန္ဒိယတိုက်ငယ်)

သူတော်စင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူရဲကောင်းတစ်ယောက်

သိုးငယ်လို နေထိုင်မှုမျိုးနှင့် ခြင်္သေနှလုံးသားပိုင်ရှင်

အရပ်ငါးပေကျော်ရုံလေးနှင့် တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နိုင်သူ

အာဖရိက တိုက်မှသည် အိန္ဒိယတိုက်ငယ် ထိ လွှတ်ထုတ်လိုက်သော အကြမ်းမဖက်တရား

အလုပ်မလုပ်ပဲ စားတဲ့အစာဟာ ခိုးတဲ့အစာပဲ ဆိုသည့် လူထူးဆန်း

ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုကို တိုက်ဖျက်သူ ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ပြဌာန်းသူ

အို..အဖ ၊ မြင့်မြတ်သူ ဆိုတာ လူသားတွေရဲ့ လောကနဲ့ မအပ်စပ်
လူသားတို့ရဲ့ ကယ်တင်ရှင်ကို လူသားတို့ ကျေးစွပ်ခဲ့ကြပြီ

အို.. အာရှတိုက်ရဲ့ အလင်းရှင် .. သင်ဧ။် မေတ္တာပန်းများ ကမ္ဘာတည်သ၍ ဖူးပွင့်စေသား။

မောင်မြတ်သူ

No comments:

Post a Comment