ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Monday, April 22, 2013
ဆပ်ကပ်
ဆပ်ကပ်မယ်အမျိုးသမီး တစ်ယောက်ကို
အသားပြားပေါ် ပက်လက်ချိတ်ချီ ပစ်ကွင်း ကိုပြင်လိုက်တယ် ။
ဓားပစ်သမားက သူပေါက်ဓားတွေ သ ၊ ဟန်ရေးပြ
ကလေးတွေ မျက်လုံးကို စိတ်ကူးထဲရောက်သည်အထိ စုန်းစုန်းမှိတ်ပစ်လိုက်ကြ
ကြီးကောင်ဝင်စ တွေ ရဲရင့်တက်ကြွမှုက တဟေးဟေး တဟားဟား အားပေး အော်ဟစ်
အိုကြီးအိုမ အတွေးထဲမတော့ အံသြဟန်မပြ လက်ဖ၀ါးနှစ်ဖက်ကိုပဲ ပွတ်ချေ
ဓားပစ်သမားရဲ့ ဓားဟာ လေထဲမှာ တ ၀ှီး ၀ှီး အော်မည်
တိတ်ဆိတ်မှုကို ထိုးခွဲပစ်လိုက်တဲ့ အသံ ဓားချက်ဟာ လွဲသွားပါပြီ
ဓားတွေ တစ်စင်းပြီးတစင်း တစ်ချက်ပြီးတစ်ချက် ပစ်ပြ
လွဲချော်မှုကိုပဲ အရသာခံနေကြတဲ့ပွဲ .... ပြီးတော့
အမျိုးသမီး နဲ့ ဓါးပေါက်သမားဟာ
လက်နှစ်ဖက်ကို ဝှေ့ကာ ၀ိုက်ကာ အောင်ပွဲခံရိုသေနှုတ်ဆက်မှုက သာမန်
နေသားကြအောင် ခုခံပေးတဲ့ အောက်ခံပြားပေါ်မှာတော့
ဓားတစ်လက်ရဲ့ ဟန်ချက်မှာ ဒဏ်ရာဒဏ်ချက်တွေ တစ်ထပ်ပြီးတစ်ထပ်
ပရိသတ် ဟာ ပစ်မှတ်ကို အတွေးထဲထည့်ပြီး ရုံထဲက ဇဝေဇ၀ါ ထွက်လာခဲ့ကြတယ်
ဒီလိုနဲ့
ပွဲတော်ညတွေ တစ်ပွဲပြီးတစ်ပွဲ ၊ တစ်နေရာပြီး တစ်နေရာ ရွေ့ပြောင်း
အောက်ခံသစ်သားပြားတွေဟာ တစ်ပြားပြီး တစ်ပြား
တိကျတဲ့ သေသပ်လှတဲ့ ဓါးချက်တွေအောက်
စနစ်တကျ မွကြေလို့ ။
ဘိုဟန်
Wednesday, December 19, 2012 at 3:44pm
Labels:
ကဗျာ - ဘိုဟန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment