ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Monday, April 22, 2013
ရှိုက်သံ
ပန်းခြံထဲက Sunday မှာ
သာသာယာယာ မိသားတစ်စု
သားကအဖေကို ကျီစယ်
အမေက သမီးကို ပုံပြောပြနေတယ်
ဖျာပေါ်မှာ အစားအသောက်တွေ ခင်းကျင်းလို့ ။
ခပ်လှမ်းလှမ်းမှာ
မျက်ရည်တွေ သံချွန် နဲ့ ထိုးကောက်လို့
ကလေးတစ်ယောက် ။ ။
ဘိုဟန်
Labels:
ကဗျာ - ဘိုဟန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment