Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ကျွန်တော်တို့ ချက် တာ ထွက်ပြေးနေတာလား


ဂျင်းဘောင်းဘီတကားကားနဲ့
ဗွက်တောထဲ မြို့သားဆန်ချင်နေတဲ့
တောသားလိုမျိုးတော့ မဟုတ်ဘူး

ကျွန်တော်က အင်္ဂလိပ်စာ မတတ်လို့မို့
အခုလိုပဲ ရိုက်ချမိတာပါ
hote kae,min ko i ayan ta ti ya nay tar

ကျွန်တော် ချက်နေတာ
အထီးလား အမလား
ပြဲကွဲနေတဲ့ မိန်းမ၀၀တစ်ယောက်လားတော့မသိ
ခပ်လို့မကုန်တဲ့ပညာတွေ ဒီလောက်ပွနေတဲ့ အင်တာနက်မှာ
ကျွန်တော်သိတာက ချက် လေ

၃၅နှစ်ကျော်သွားပေမယ့်
လူငယ်စိတ်တွေက ခုန်နေတုန်းဆိုတော့
ကျွန်တော် ဆက် ချက်တယ်
ချက်ထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် ကမ္ဘာသားတစ်ယောက်လို့
မထင်မိတော့
ကျင့်ဝတ်တွေဘာတွေ မရှိ
လုံးတီးပဲ ကျွန်တော် ချက်တယ်

စကားလုံးတွေနဲ့ အိပ်ရတာ
ကျွန်တော်တို့ခေတ်ရဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံနည်းမဟုတ်လား
တစ်ခါက
၁၈နှစ်သားအရွယ် အမျိုးကောင်းသားတစ်ယောက်က
ကျွန်တော့်ကို အလိုရှိကြောင်းပြောတော့ ရင်ဘတ်ကို လက်နဲ့ဖိပြီး
ကျွန်တော်တို့ရဲ့ အနာဂတ်ကို ခပ်ပြတ်ပြတ်ပဲ စိတ်ချလိုက်မိတယ်

ဒါတွေကို အလေနတောလို့ ပြောကြပေမဲ့
လူငယ်တွေကတော့ နေ့မအား ညမအား
ချက်နေဆဲ
ဘာလို့လဲဆိုတော့
လေပေါ်မှာနေရတဲ့ အရသာဟာ
တကယ့်ဘ၀ထက် အများကြီးသာယာတယ်လို့
သူတို့ ဆိုကြပါတယ်

ဘ၀ထဲက ထွက်ပြေးဖို့ရာ
အင်တာနက်ဆိုတာ မွေးဖွားလာသလားလို့
ကျွန်တော်တွေးတောမိတယ်။

လွှမ်းရုံ
အမှတ်၂၂၊မြန်မာသစ်မဂ္ဂဇင်း

No comments:

Post a Comment