Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ကံစမ်းမဲပေါက်တဲ့နေ့

ဒီနေ့...
ခြေခင်းလက်ခင်းသာတယ်
သတင်းစာထဲမှာ...
မိုးလေဝသက
........ဘယ်လို
လွန်းပျံယာဉ်အမီ
အိပ်တန်းပျံတဲ့ငှက်
ပြာသိုအယောင်ဆောင်ထားတဲ့
တော်သလင်း
တူးဖေါ်လို့ရတဲ့ကျောက်ဖြစ်
ရုပ်ကြွင်းက
ကြယ်ငါးပွင့်ဟော်တယ်ရဲ့....
မီနူးကတ်။

ပုံမှန်လဘက်ရည်တစ်ခွက်ကို
ပုံမှန်သောက်နေကျဆိုင်မှာ...
(ပင်နတီ ကန်တာကအစ
ဒညင်းသီးဆားရည်စိမ်အဆုံး)
အားလုံးဟာဖေါ်မြူလာနဲ့။

သစ္စာနီ
ကဗျာဟောင်းတစ်ပုဒ်ပါ
Icon မဂ္ဂဇင်း၂၀၁၀

No comments:

Post a Comment