Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ပျား ရ ည် နဲ့ အ ဆိ ပ် ခ လုတ်တွေ နဲ့ ကမ္ဘာ

ကမ္ဘာကြီးကတော့
ပိတောက်ပန်းတွေပေးတယ်
ဆန်စပါးတွေပေးတယ်
ပေါင်မုန့်နဲ့ သောက်ရေသန့်တွေပေးတယ်
တယ်လီဖုန်းနဲ့ လေယာဉ်ပျံတွေပေးတယ်
ကွန်ပျူတာနဲ့ အင်တာနက်တွေပေးတယ်

ကမ္ဘာကြီးရယ်
တိုက်ချင်းပစ်ဒုံးပျံတွေမလိုချင်ဘူး
နျူကလီးယာဓါတ်ပေါင်းဖိုတွေမလိုချင်ဘူး
အဆိပ်ငွေ့လက်နက်တွေမလိုချင်ဘူး
ကျည်ကာအင်္ကျီနဲ့ ရန်သူကင်းထောက်ရေဒါတွေမလိုချင်ဘူး

ကျူးကျော်စစ်
အဓမ္မစစ်
တရားသောစစ်
မတရားသောစစ်
ဘာစစ်မှ မလိုချင်ဘူး

ကမ္ဘာကြီးရယ်
မေတ္တာတရားတွေလင်းပွင့်ပါစေ
ရက်စက်မှုတွေအိပ်ပျော်ပါစေ။

မ င်းေ ဆွ နှ စ် ( မံုံုံ ရွာ )

No comments:

Post a Comment