Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

** မြို့ဘွဲ့ **



သပ်လျှိုခြင်းခံလိုက်ရပေါ့
မြင်းခွာသံတဖြောင်းဖြောင်း
ငုံထားတဲ့မြို့ ......... ။

ညဥ့်ရဲ့သံချပ်ကာအင်္ကျီဝတ်လို့
အမှောင်တွေ
ဖြိုင်ဖြိုင်ရွာချတဲ့မြို့ ........ ။

ဟဲမင်းဝေးလို၊
ဗင်းဆင့်လို
မွန်ရိုးလို
သေခြင်းတရားကို အနိုင်ယူချင်တဲ့မြို့ ......... ။

အန်ဖတ်ဆို့မြို့
ဆော့ခရတ္တိမြို့
ခရစ်တော်မြို့
ဝေသာလီမြို့ ......... ။

မင်းခက်ရဲ

သုံည+ခုနစ်=တစ် ပို့စ်မော်ဒန်ကဗျာစုစည်းမှု

No comments:

Post a Comment