Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

** ငါ့အိမ်နားက အဘွားအို **

ဘုရားစင်ရှေ့မှာပုဆစ်တုပ်
နှုတ်မှတတွတ်တွတ်ရွတ်ဆို
အဘွားအိုဟာ ဘုရားရှိခိုးစာတွေကိုမေ့ပေါ့
ဥာဏ်ထိုင်းလေတော့
ဘယ်တော့မှ စလယ်ဆုံးကို
မှန်ကန်စွာ မရွတ်ဆိုနိုင်ပါ
ဘုရားရှင်ခွင့်လွှတ်တော်မူပါ ။ ။

နေမျိုး
၂၀၀၅ .၁၁.၁၃
( ထရပ်ကားပေါ်မှ သစ်သီးတွေ )

No comments:

Post a Comment