Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

အမှားပြင်ဆင်ချက်

အိပ်ရာအသစ်နဲ့ အိပ်ချင်လို့
ကောင်းကင်ဆီ ထွက်ပြေးခဲ့သူရယ်ပါ
နောက်ဘယ်လောက်ထိ ဆက်မှားနေဦးမှာလဲ
ဒဏ်ရာတွေ အထပ်ထပ်နဲ့ကျောပြင်...........။
သေချာတယ်
ဒါ...အံဝှက်တွေအခန်းခန်းနဲ့
မျက်လှည့်ဆရာရဲ့ သေတ္တာမဟုတ်ခဲ့ဘူး
နွေဦးပေါက်ရင်အုံလေ
ခဏလေးဖြစ်ဖြစ်
နားခိုခွင့်ပေးပါ..........။
တစ်လျှောက်လုံး အိမ်ပြန်နောက်ကျသူ
အပိုအလိုမရှိ
ကမ္ဘာမြေကို တိုင်တည်ရကောင်းမလား
အမှန်တရားစစ်စစ်ရဖို့
အမှားများစွာကို စစ်ယူရကောင်းမလား
ပြဌာန်းချက်အသစ်နဲ့
ဘဝကို ကော်ပတ်စား ပေါင်းတင်ရကောင်းမလား။
ထားတော့
မီးလင်းဖို ကုတ်အင်္ကျီဆောင်းနဲ့
မတုန်မလှုပ် ညအခါတွေ
ထားခဲ့တော့
ဥဩသံကြားနေရပြီ
ဒါ......ငါနွေဦး။ ။

မင်းဆွေနှစ် ( မုံရွာ )

No comments:

Post a Comment