Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ငိုချင်းသစ်

အရင်တခေါက်လိုပါပဲ
လင်နှစ်ယောက်ရခဲ့တယ် အမေ ။
သင်္ဘောဆလင်က
နင် လာအိပ်
... မအိပ်ရင် လက်တို.မတဲ့
သူတို.စကား
ဓား အမေ။
အမေ ဒီမှာ
တက်ထရာ
ဂျယ်ရီယာဗစ်
ဟောလစ်လေ အမေ
အို….အမေရဲ.။
မျက်နှာလေးချိုချို
မျက်လုံးလေးတွေငိုလို.
ကြိုလည်း မကြို
ဆေးကိုလည်း မသောက်
သမီးတယောက်တည်း ထားပြီး
သွားပြီလား အမေ
အမေ
အိုး…..အမေရဲ. ။ ။


ကိုလေး(အင်းဝဂုဏ်ရည်)
စာမော်ကွန်း ၂၀-၁၂-၁၉၈၄

No comments:

Post a Comment