Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

နန်းတော်ရာ



ကံ့ကော်နဲ့အဆင်မပြေတဲ့တစ်နေ့
ဒီနှလုံးသားရပ်ဝန်းထဲမှာလည်း
ပန်းကလေးကိုမုန်းတာ။
မျှော်လို့ကြည့်ခဲ့မိတဲ့နေအ၀င်မှာ
စိတ်လှုပ်ရှားစရာ ချာချာလည်ခဲ့
အလွမ်းမှာဘယ်လိုပြာရမယ်
အချစ်မှာဘယ်ခါအိုရမယ်
အတွေးငယ်ငယ်။
လျှာမှာပျော်ဝင်သွားတဲ့
သကြားလုံးများလိုပဲ
တို့ဘ၀တွေက
ချိုချိုနဲ့ရှုံးခဲ့ရပါတယ်။
ဒါပဲဖြစ်ရမယ်
လှည်းလမ်းကြောင်းဘေးမှာတမာပင်ရှိရင်
တလင်းပြင်ကလေးဟာ ငါတို့ရဲ့ အ၀ါပေါ့။

ဝိုင်ချို

ချယ်ရီ၊ ဖေဖော်ဝါရီ ၂၀၀၀

No comments:

Post a Comment