Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

မနာလိုစရာကောင်းတဲ့ ဦးခေါင်း



ကျွန်တော်လား ၊ “လေ ” ပါ
ဘလော့(က) ပြောသလို
အလံကို ဖောင်းစေ ၊ ပွစေတယ်ဆိုတဲ့
ကဗျာထဲက “ လေ ” ပါ ............ ။

တစ်နေ့တစ်နေ့ စိတ်ညစ်
“အရစ္စတိုလီယန်ကသားဆစ် ”တဲ့
အရစ္စတိုတယ် ၀မ်းနုတ်ဆေးပေါ့ဗျာ
ဂျယ်ရီလူးဝစ်ကို ကြည့်ပါ
“ရှင်ပြုတုန်းက ...... ကို  သတိရပါ
“နေသာထိုင်သာ မရှိလား ....... ” တဲ့ ။

“ ကသားဆစ် စားသလို ” ဆိုတဲ့
အရစ္စတိုတယ် ရဲ့ နာရီဟာ
အကြင်နာမဲ့စွာ
ကုန်ဆုံးသွားပါတော့တယ် ။

ကပြားမလေး ညိုပြာညက်
အလှဖုရားမလေး ဂိုယာအရက်
ကိုမြတ်လေး နဲ့ တစ်ခွက် ............ ။

“ အရက်ဖြစ်သွားတဲ့ နာရီ ..... ” ဆိုတဲ့
  ငါ့ မောင်သင်းခိုင်နဲ့တစ်ခွက် ............. ။
  “ သိုးတွေဟာ ကဗျာမရေးဘူး ” ဆိုတဲ့
  ငါ့မောင်လေးအောင်နဲ့တစ်ခွက် ..........။

“ ရေပမာ ငါလား
  လေပမာ ငါသွား ” ဆိုတဲ့
  အိုမာခိုင်ယမ်နဲ့တစ်ခွက် .......... ။

လူကိုဖျက် အရက်
အရက်ကိုဖျက်တော့ ရေ
သော်တာဆွေ နဲ့ တစ်ခွက် ......... ။

“ ဒါကတော့
  ခင်ဗျားအမြင်ကို ဦးဘချစ်ရဲ့ ”
  တလဲ့လဲ့ အရယ်မပျက်
  ကျုပ်တို့ ဗိုလ်အောင်ဒင်နဲ့ တစ်ခွက် ........ ။

အို ...........
ခင်ဗျားတို့ ပြောဟန်
ကျုပ်မထောက်ခံဘူး ။

အေး .......
ဒါပေမဲ့
ခင်ဗျားတို့ ပြောခွင့်
အသက်ပေးဖို့  အသင့်ပါ
“အာဂ” စာရေးဆရာ
“အာဂ” ဘောလ်တဲယား
တစ်ခါသားပေါ့
မူးသလား မမေးနဲ့
တွေးကြည့်မယ်ဆိုရင်
ငှက်ပျောပင်ထက်ပိုင်း ၊ ဓားနဲ့သိုင်းသလို
“ဘိုင်းခနဲ”ကျ ပြန်ထ
ရန်စ ၊ မအေ နှမ (ကျောင်းတော်က ရန်စလေ )
ဝိုင်းချမယ်တကဲကဲ
ရုန်းရင်းဆန်ခတ်ပွဲပေါ့
မသဲမကွဲအသံတစ်ခု
ခင်ဗျားတို့ သတိပြုမိပါလေစ ။

(ဟေ့)
“ ဘောလ်တဲ့ ” ကိုရိုက်မယ်ဆိုရင်
ခေါင်းကို မထိစေနဲ့ဟေ့ ...........
သူ့စာတွေ မတွေ့ရဘဲ ဖြစ်သွားမယ် ။         ။

ဇော် ၊ ပျဉ်းမနား ၊

မိုးဝေ ၊ ၁၉၆၈

No comments:

Post a Comment