Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

အရေးအကြောင်းတွေက အကြောင်းတွေကို ရေးလာတဲ့ ငါ့ခန္ဓာ

စိတ်မှာ ကျီးကန်တစ်ကောင်ရဲ့ မျက်လုံးတွေတပ်လို့ 
ရှေ့ရေးကိုကြည့်တော့ ဒီဂရီဟာ တဖြည့်းဖြည်းမြင့်လာ ၊ နောက် .... ထပ်ဝါးလာ 
ပျော်ရွှင်မှုတွေ မှာတောင် သိပ်ခံတွင်းမတွေ့ချင်တော့ဘူးကွယ်

မအိပ်နိုင် မစားနိုင် အခြေမခိုင်တဲ့ ပုဒ်မတွေ
သံသရာ အကြောင်းပြောရင် အားလုံးက စက်ဝိုင်းတွေလာလာပြကြ
ပုတီးချသံဟာ တတ်ဆိတ်မှုထဲက မရဏမောင်းသံ
ကမ္ဘာကြီးက ပတ်ချာချာလည် မြေးငယ်လေးတွေနဲ့ ချာချာလည်
သွေးရင်သားရင်းဆိုတာတွေလည်း တစ်ယောက်နဲ့တစ်ယောက်
မမှတ်မိလောက်အောင်ကို အရောက်အပေါက်နည်းခဲ့ကြ
နွေတပတ်ပြန်ကျရင် ထိုင်မရ ထမရ ရောဂါတွေ နဲ့
အရင်လို တစ်ယောက်နဲ့တစ်ယေက် ယပ်ခပ်ပေးဖို့
နင်းနှိပ်ပေးဖို့ ဆိုတာ အနီးဆုံး တစ်ယောက် ခရီးရှည်ထွက်သွားပြီ ကြာပြီ
အပူအစပ်တွေကို ရှောင်နေပါတယ်ဆိုမှ ပစ်ပြီးသားတောင်းက ပြန်တက်လာတယ်
သံစုံမြည်တွန်တောက်တီး ၊ လက်ညိုး ကိုဖြောင့်ဖြောင့်ထိုးကြည့်တာတောင်
လက်ညိုးက ကိုယ့်ဘက်ပြန်ကောက်လာတယ်
ဝတ် နဲ့ ၀ဋ် စကားလုံး ကို ဆင်ခြင်တုံတရားထဲထည့်ကြည့်
မြေးငယ် လွယ်အိပ်ထဲက အစီအရင်ခံစာတွေ
ပတ်ချာလည်သွားတဲ့ ချားရဟတ် ဟိုးအရင်လိုသာ အမြတ်အစွန်းတွက်ရလျှင် ............။

မိသားစု အစုံအလင် မသေခင် ၀တ် ကို တစ်ယောက်ချင်းစီ ဖဲ့ကျွေးလိုက်တယ်
သူတို့ ရယ်သံတွေ လွင့်ပျံလာချိန်
“ ငါ ” ဆိုတဲ့ “ ငါ့ ” အဖို့ ကြေကွယ်စရာ
“ ငါ့ မှာ ငါ  မရှိတော့ ...... ”
“ ငါ မှာ ဘာမှ မရှိတော့ ....... ”


Bo Han

No comments:

Post a Comment