Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

သုညနမိတ်ပုံ

သံကြိုးတစ်ချောင်းဆိုတာ
သံကွင်းပေါင်းများစွာရဲ့ဆက်ထုံးအလျားပေါ့
လိမ္မော်သီးအစိမ်းတစ်လုံးလို အခွံခွါစားမရတာနဲ့ပဲ
ဂလိုဘယ်လိုက်ဇေးရှင်းရင်ဘတ်နဲ့
မိန်းမပျက်တစ်ယောက်ရဲ့မိတ်ကပ်လို နားရွက်ကို
နောက်ခြေနဲ့ကုတ်ပြီးအယားဖြေရတယ်
လူမှုရေးနောက်မီးလင်းမှုအဖိုစွန်းအမစွန်းရဲ့ဆေးဆိုးပန်းရိုက်ယဉ်ကျေးမှု
ခရမ်းလွန်ရောင်စက်ဝန်းထဲမှာ
မတော်တဆနဲ့တမင်တကာ မယ်မယ်ရရထဲထဲဝင်ဝင်ရှိဖို့
ပို့(စ)မော်ဒန်ကြောင်တောင်ကန်းတစ်ယောက်နဲ့စကားရည်လုရသလို
မောဟနဲ့မီတာ(၁၀၀)ပြိုင်ပြေးဖို့
အမိုင်နိုအက်ဆစ်,နျူကလစ်အက်ဆစ်နဲ့ခရိုမိုစုမ်းတွေပြည့်မှီရုံနဲ
ကိုယ့်တံဆိပ်ကို သတ္တုရည်မစိမ်မိဖို့
လူပုစိတ်တိုတစ်ယောက်ထက် စကြာဝတေးမင်းကသာလွန်မြင့်မြတ်မှန်း
ကိုယ့်ဘာသာကိုးကားမှီငြမ်းဖို့
ဆီသည်မလက်သုတ်ဖတ်လိုနှုတ်ခမ်းတွန့်ကွေးများ
ခေါင်းလိမ်းဆီရွှဲရွှဲစိုအထည်ကြီးပျက်မာယာများ
ယမန်နှစ်မိုးတွင်းရဲ့လက်ကျန်ကန္တရစီးဖိနပ်များ
ကာဗွန်ဒိုင်အောက်ဆိုဒ်လိုသမာအာဇီဝများ
အို နာ သေနာရီရဲ့ မုသာဝါဒများ
နက်ပြာရောင်နှင်းဆီရဲ့ မှန်ကူကွက်များ
စိတ်ဖိစီးမှုဓါတ်ငွေ့ကာမျက်နှာဖုံးများ
ဘွတ်ဖိနပ်ကအစရာဘာဖိနပ်အဆုံးအလိုမတူသောမိုးသက်လေပြင်းများ
သံကွင်းပေါင်းများစွာရဲ့ ဆက်ထုံးအလျားဆိုတာ
သံမှုံပေါင်းများစွာရဲ့ ဗိုင်သြလိုဂျီပေါ့
ရေခဲရေတစ်ခွက်မှာစက်မှု(၁)စွပ်ကျယ်ဝတ်ပြီး
ဦးထုပ်အနက်တစ်လုံးနဲ့နေ့လည်ခင်းကိုခပ်ငိုက်ငိုက်ဆောင်းထားရတယ
လူခြေတိတ်မှ
ကိုယ်စောင့်နတ်ကိုလက်ဖျောက်တီးခေါ်ပြီး ငါ့ကိုငါ့အရည်ပြန်ခြုံခိုင်းရတယ် ။ ။

ကိုစောနန္ဒာ
14,wed.may.2003.1:00am

 https://www.facebook.com/ko.sawnander?hc_location=timeline ဆီမှ ကူးယူပါသည်။

No comments:

Post a Comment