ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Monday, April 22, 2013
သံယောဇဉ်
ဈေးရောင်းတဲ့ အမေ နဲ့
နွားနို့ပို့တဲ့ ကုလားမကြီးတောင်
ခါတိုင်းလို အတင်းမပြောကြတော့ဘူး ။
အမေက ကုလားမကြီး ကို
လိမ္မော်သီးတွေနဲ့ ဧည့်ခံလို့
ပြေရာပြေကြောင်းပေါ့ ။
ကုလားမကြီး မိသားစု
အကြောင်းတွေးရင်
ရ င်ေ လး တ ယ် တဲ့
တစ်ရွာထဲနေ သူငယ်ချင်းချင်း
ရင်ဘတ်ချင်းဖက်နေတာ
နှစ်ပေါင်း ( ၅၆ ) နှစ် ရှိပြီ ဆိုပဲ
နှစ်ယောက် လုံး လိမ္မော်သီးတွေစားရင်း
မျ က် ရ ည် ၀ဲ လို့ ။
ဘိုဟန်
26.3.2013
Labels:
ကဗျာ - ဘိုဟန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment