ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Monday, April 22, 2013
** ကျွန်တော်နဲ့သူက သူငယ်ချင်းမဟုတ်ပါဘူး .... သူနဲ့ ကျွန်တော်က သူငယ်ချင်းပါ ..................... ** ဘိုဟန်
လူတစ်ယောက်နဲ့လမ်းမှာတွေ့တယ် ..... ။
“ ဟာ ... ဟေ့ .... တမင်းစားပြီးပြီလား ?
အိမ်မပြန်သေးဘူးလား ?
ငါ့ညီလေးတောင် မင်းကိုမေးနေသေးတယ်
အားရင် အိမ်လိုက်လည်ပါဦးလား ?
ခါတိုင်းလိုပဲ အမေ့လက်ရာ ပဲကုလားဟင်း
အ၀စားပြီးမှ ပြန်ပေါ့ ဟုတ်လား ၊ ညအိပ်လည်းရပါတယ်
အမေက အရင်လို ဗျစ်တောက်ဗျစ်တောက် မလုပ်တော့ပါဘူးကွာ
လာပါ အိမ်လိုက်ခဲ့ပါဦး ”
သူက ကျွန်တော်လက်ကိုဆွဲပြီး ရယ်မောပျော်ရွှင်နေ အိမ်တွေ တစ်အိမ်ပြီး တစ်အိမ် .........၊
စိတ်လွတ် ကိုယ်လွတ် ပျော်ပါးနေတဲ့ လမ်းတွေ တစ်လမ်းပြီး တစ်လမ်း .............
ဖြတ် ပြီးမှ မည်းမှောင် နေတဲ့ ထိုးထိုးထောင်ထောင်တွေ ဟိုတစ်စ ဒီတစ်စ နဲ့ တိတ်ဆိတ် လင်းချင်းနေတဲ့
ကွင်းပြင် တစ်ခု ရှေ့ အရောက် မှာတော့ ........
“ ညီလေးရေ .... အမေရေ .... ဒီမှာ ည အိပ်လို့ ရပါတယ်ကွ ...
ငါ့တို့အိမ်က အရင်လို ညစ်ပတ်မနေတော့ပါဘူး ...
ကြမ်းပိုးလည်း အရင်လို မကိုက်တော့ပါဘူး ....
အမေရေ .... ညီလေးရေ .......
ထမင်းစား ပြီးမှ ပြန်ကွ နှော ....
ညီလေးရေ ... လာပါဦးဟ .....
အမေရေ .... တံခါးဖွင့်ပါဦးဗျ ...... ”
ကျွန်တော် သိလိုက်ပါပြီ ။ ဒီလူ လူမှားနေတာ မဟုတ်ဘူး ။
သူအော်ခေါ်နေတာ .... တံခါးမရှိ ဓားမရှိ .... မီးလောင်နေတဲ့ တစပြင်ကြီး ။
“ လာပါ အကိုရာ ကျွန်တော်တို့ လွတ်လပ်လပ် အပြင်မှာ ပဲ ညစာသွားကြ
တာပေါ့ ”
ကျွန်တော်က သူလက်ကို ဆွဲပြီး မီးလောင်တစပြင်က ခွာလာခဲ့ကြ တစ်နေရာပြီး တစ်နေရာ ......... ။
ကျွန်တော်တို့ဟာ ဒီမီးပွားတွေကိုတော့ သယ်မလာခဲ့ကြတော့ဘူး ။
ဘိုဟန်
29.3.2013
Labels:
ဝတ္ထုတို - ဘိုဟန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment