Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ပုပ္ပါး




ပတတ်ရပ်တဲ့မြင်း
ပါးပြင်းထောင်တဲ့မြွေ
လူတွေသူ့ကိုယ်ပေါ်တက်
သူကသူ့ကိုယ်သူတက်ခဲ့ရာ
မပျော်လို့ ပျော်တဲ့နှင်းတွေထဲ
အမြင့်တက်ပွင့်သူအဖို့
 တိုက်ခတ်သမျှလေဟာ အဆာပြေပေါ့
အနီးကပ်
အဝေးကြည့်
အနိမ့်အမြင့် အ၀င်အထွက် ကြမ်းရှရှကို
အနုအလှဖြစ်အောင် ဖော်ကျူးလို့
တစ်ကိုယ်လုံး ရွှဲနစ်သွားစေရာ
သူ့ဥပဓိနဲ့
အချစ်တွေကို ဆွဲဆောင်ခဲ့လေသလား။


ဝိုင်ချို

No comments:

Post a Comment