| ဘောလုံးပွဲကား |
| သဲသဲရုတ်ရုတ်၊ ခရာတုတ်လျက် |
| မိုးချုပ်ချိန်မှာ ပွဲသိမ်းပြီ။ |
| နိုင်သည့်အသင်း၊ ကွင်းထဲဆင်း၍ |
| ကွင်းကိုလှည့်ပတ်၊ ပရိသတ်ကို |
| ဦးညွတ်အလေးပြုပြီးပြီ။ |
| အဖွဲ့ချုပ်က၊ ဥက္ကဌလဲ |
| ရှေ့ကဒိုင်းကြီး၊ ပွဲအပြီးတွင် |
| လက်ခုပ်တီးသံ၊ တညံညံနဲ့ |
| နိုင်သူ့ထံသို့ အပ်ရန်သာ။ |
| သန်းခေါင်တိုင်လဲ၊ အောင်နိုင်သောဆု |
| မအပ်သေး။ |
| ပရိသတ်ကား၊ မတ်တပ်ရပ်၍ |
| စောင့်ကြဆဲ။ |
| ဒိုင်နှိပ်စက်၍ |
| ကြွက်တက်သူတက်၊ အိပ်ပျက်သူပျက် |
| စိတ်ညစ်သူညစ်၊ လစ်သူလစ်ပြီ |
| မဖြစ်ဖူးမြဲ ဘောလုံးပွဲ |
| အံ့ဖွယ်သရဲ စံပါဘဲ။ |
| တင်မိုး။ |
| ၁၉၉၅ နိုဝင်ဘာ ၃၀ တွင်၊ မန္တလေးမြို့ ဆွံ့အနားမကြားကျောင်း ရံပုံငွေအတွက် ပြုလုပ်တဲ့ စာပေဟောပြောပွဲမှာ ရွတ်ဆိုတဲ့ ကဗျာဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ စစ်အစိုးရရဲ့ ဖမ်းဆီးထိမ်းသိမ်းရာမှ လွတ်မြောက်လာပြီး ပထမအကြိမ် ဟောပြောပွဲတက်ခြင်း ဖြစ်ပါတယ်။ |
ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Wednesday, April 24, 2013
ဆရာတင်မိုး ဆွံ့အနားမကြားကျောင်းရံပုံငွေပွဲတွင် ရွတ်ခဲ့သော ကဗျာ
Labels:
ကဗျာ ( တင်မိုး )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment