Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

နာမည်


တောင်မမှည့်ရသေးဘူး သေပြီ
တစ်လုံးသောက်ရင် ခေါင်းကိုက်ပျောက်တယ်
ခေါင်းမပါတဲ့ကောင်က ပုခုံးမှာတစ်လို့
အလုံးနှစ်ဆယ်သောက်ရင် သေတတ်တယ်
ဆေးကုမ္ပဏီဆိုတာ ကျွန်တော်-ကျွန်မတို့အတွက် ခရိုနီပါပဲ
ဘိုင်အိုဂျက်ဆစ် - နံပါတ်တစ်
လေပြွန်ကိုဓားနဲ့ခွဲလိုက်တော့ သေမင်းသေခြင်းဟာရှူးခနဲ ပြန်ထွက်သွား
စန္ဒာမွှေးနေပြန်ကောင်းလာတယ် စန္ဒာမွှေးတငိုငိုတရီရီနဲ့
ဘယ်သူခဲနဲ့ပေါက်တာလဲ
သူ့ရင်ဘတ်ထဲစက်ခေါင်းအိုကြီး ထည့်ခုတ်မောင်းလို့
မုတ်ဆိတ်မီးစွဲ ကျီးကန်းချီးပါ နွားမပေါင်ကျိုး
သောက်စေချင်ခုတင်တွင်ထောင်ခဲ့ကွယ့်
လိမ္မော်ရောင်တွေ တစ်ဝက်နဲ့ကုန်သွားတယ်
ညိုနွဲ့ရဲ့လေး
ခန္ဓာကိုယ်ဟာ လေးကိုင်းသဏ္ဍာန်ကွေးညွှတ်လာ
လေးညှို့ဆွဲထားသူ သေမင်းသေခြင်းလား
ဆေးတံတိုတစ်ညိုလောက်
ကျွန်တော်-ကျွန်မတို့ဟာ ခရိုနီပါပဲ
ငရဲမီးနဲ့ပက်မှာစိုးတယ်
ဘယ်လိုပြောရမလဲ ကမ္ဘာကြီးပူသထက်ပူ ပူ ပူ ပူ ပူနွေးလာပြီ
ဘိုင်အိုဂျက်ဆစ်
နေ့လည်စာ အုန်းထမင်းနဲ့ကြက်သားဟင်း
နံပါတ်တစ်

လင်းဇင်ယော်
၂၀၁၃၊ ဧပြီ။
သရုပ်ဖေါ် ပန်းချီထိန်လင်း 
 http://www.kaungkin.com

No comments:

Post a Comment