Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ဘကြီးကိုမေးပါရစေဦး ရွာအကြောင်း သာကြောင်းမာကြောင်း


ရွာဦးကျောင်းကြေးစည် မထုလည်း ငါတို့ရွာသားတွေ အူပါတယ်

ရွာတွဲဘက်ကျောင်းလေး  ကောင်းသွားပါပြီ ယူနီဆက် ... ယူနီဆက်
ကာလသားခေါင်းကအစ ရွာကလူငယ်တွေ မလေးဆိုလား အကုန်နီးပါး ထွက်သွားကြတယ်
ရွာလည်မှာ စာကြည့်တိုက်သာ မရှိတာမောင် စည်ဘီယာဆိုင်တော့ ရောက်လာပြီ
ဟိုးတုန်းက မင်းတို့ဆော့ခဲ့တဲ့ ဇရပ်ကြီး မှာ အခု ခိုတွေပေါလာတယ်ကွ
စပါးရွှေဝါတွေလည်း မ၀င်းတော့ပါဘူး လယ်တွေက လည်တဲ့သူလုပ်နေကြတယ်
အင်း မလေးကကောင်လေးတွေ ကျေးဇူးနဲ့အူစိုဝမ်းဝ ခါးလှသပေါ့မောင်ရာ
၂၀၁၂ ကြားဖြတ်တုန်းက စက်ဘီးတောင် မစီးတတ်ရွာသားတွေ လိုင်စင်ကျ အနီရခဲ့သဗျ
လူကဒုက္ခိတ ဖင်ထိုင်မှဆိုပဲ .... သူ့ခေတ်သူအခါမှာ ရွာသားတွေ ခေတ်မီနေတာ
အုပ်ချုပ်ရေးမှုးချဲပေါက်တော့ ရောင်းတဲ့လှအေးမလျှော်နိုင်လို့ထောင်ကျသွားတယ် ဘယ်ပုဒ်မနဲ့ မသိ
အံသြစရာကောင်းတာက ရွာဦးကျောင်းကခေါင်းလောင်းကြီး ထိုးတိုင်းမမြည်တော့ဘူး
ဘုမသိဘမသိ အောင်လှလေ မြို့ကဝေတဲ့စာရွက်တွေ ယူလာတာထိတ်တုံးနှစ်ည ... ဆရာ
ကားဈေးတွေကျနေတယ်ဆို မင်းဆရာဌေးကြည်သီချင်းရေးသတဲ့
“ လှည်းလမ်းပေါ်ကားမမောင်းရတဲ့ ” ရူးပ ငါ့တို့ရွာနဲ့ဘာဆိုင်တာကျလို့
ဒီနှစ်တို့ရွာယိမ်းသမတွေ မြန္ဒာနဲ့မကတော့ဘူး သရီးကွားတားနဲ့ လေဒီဂါဂါတဲ့
အဲဒီရွာ မီးလောင်နေတုန်း အနောက်ရမ်းလေတိုက်တော့ ရွာလုံးကျွတ်ပြောင်တာပေါ့
ထမင်းဝိုင်းမှာ ဇွန်းခြင်းထိခိုက်မိရင် ဧည့်သည်လာတာဘာလို၊့တုန်း မင်းသိလား
စလောင်းဖုံးနှစ်ချပ်တီးရင် ကျားဆွဲတာပေါ့ကွ ၊ စလောင်းဖုံးနှစ်ချပ်လုံးလဲကွဲရော
ရွာဦးဘုန်းကြီးကျောင်းမှာ ဆွမ်းခွက်တွေနည်းသွားတာ ဘုန်းကြီးကဘာမှ မပြောရှာတော့ဘူး
ကဲ မင်းမေးစရာရှိတာမေး ၊ ပြီးရင် တစ်ကမ္ဘာလုံးစိတ်ဝင်စားတဲ့ အပျိုမလေးအကြောင်းပြောပြ ။
မုန့်လုံးဟာ....... အဲဒီကစပြီး စက္ကူကပ်ပါတော့တယ် ဘကြီးရယ် ။

 ဘိုဟန်
Monday, June 18, 2012 at 3:19am

No comments:

Post a Comment