Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ကျွန်တော့်ကို တပ်ဆင် ပြုလုပ်သွားသော မျက်မမြင် ပုဏ္ဏားတို့၏ Installation များ


“ ဟေ့ ဒီရေမှုတ်က ဘာလဲဗျ ”
“ ခင်ဗျာ ရေမှုတ်က ရေမှုတ်ပေါ့ ... ဒီထက်ပိုပြီး ဘာများ ဖြစ်ရဦးမှာလဲ ဗျ ”
“ ကြီးကြီးကျယ်ကျယ် မလုပ်နဲ့ မင်းဆိုင်မှာ ချိတ်ထားလို့ မေးကြည့်တာ ”
“ အော် အကိုရယ် .... အနုပညာ ပစ္စည်းတစ်ခုကို အကိုစမေးကတည်းက အထက်စီးနဲ့ပိုင်ဆိုးပိုင်နင်း မမေးသင့်ဘူး ”
“ အေးကွာ ... မင်းမပြောလည်း ငါဘာမှ လုပ်မရဘူး ၊မင်းပြောလည်း ဘာမှ လုပ်မရဘူး နေကွာ ”

..................

“ ဟေ့ ... ငါမင်း အတွက် လက်ဆောင်ပေးဖို့ ယူလာတယ်ကွ ရုရှားက တိုးတွေ ငါ့အမေကို လက်ဆောင် ပေးခဲ့တာ။ ငါ့အမေ သိမ်းထားတာ အနှစ် ၂၀ ကျော် ကြာပြီမောင် ။ဒါပေမယ့်
လမ်းမှာ ငါ့ကြောင့်နည်းနည်းတော့ ပဲ့သွားတယ် ။ မင်းက ယောက်ချိုတွေ ရေမှုတ်တွေ စုနေတယ်တွေ့လို့ ”
“ခင်ဗျာ ... ဦးစိုးကြီး ဘယ်သူပြောလို့လည်း ”
“ မင်းဆိုင်မှာ ချိတ်ထားတာ ငါတွေ့နေတာပဲ ... ဟော ဟိုရေမှုတ်ကြီးကို ”
“ အေးဗျာ ကျေးဇူးပါပဲ ... ခင်ဗျား ယောက်ချိုကြီးကို စိတ်ဝင်စားလို့ မဟုတ်ဖူးနော် ။ အနှစ်(၂၀) ကျော် ထမ်းသိမ်းလာတဲ့ ခင်ဗျားအမေ ဒေါ်မြရင်ကို အားနာလို့ ယူထားလိုက်ပါ့မယ် ”

...................

“ ဟေ့ ... မင်းဆိုင်တော်တော် ရောင်းကောင်းတာပဲနော် ။ မင်းတို့က တုန်ခံဘုန်းကြီး ကိုးကွယ်တယ်ဆို။ အဲဒီဘုန်းကြီးက ယတြာကောင်းတယ်ကွ ။အော် ... မင်းတို့ ကို ပေးထားတဲ့ ယတြာယာက ရေမှုတ် ရွှေချထားတာကို ကောင်းမှာပေါ့ ”
“ အာဗျာ မဟုတ်ပါဘူး ခင်ဗျားကလည်း ဒါ ကျုပ်ရန်ကုန်က ၀ယ်လာတာပါ ”
“ မညာပါနဲ့ကွာ ... မင်းကလည်း ဗေဒင်တို့ ယတြာတို့ကို ငါလည်း ယုံပါတယ်ကွ ၊ ဒါ ရှက်စရာ မှမဟုတ်တာ လူမျိုးတိုင်း လူမျိုးတိုင်းမှာ ဗေဒင်နဲ့ယတြာ ဆိုတာရှိပါတယ် ”
“ အေးဗျာ ခင်ဗျား ပညာတတ်တစ်ယောက် ဖြစ်တဲ့ အတွက် ရှင်းမပြတော့ ပါဘူး ”

............

“ ဘာ ဒါလေးကို ငါးသောင်းပေးရတယ် ဟုတ်လား ”
“ ဟုတ်ပါတယ် ... ဘာဖြစ်လို့လဲ ၊ ဦးလေးကို ဘယ်သူပြောလည်း ”
“ မင်းအဖေပြောတာ ... ဘယ်နှယ်ကွာ ငါလက်သမားလုပ်စား လာတာ အနှစ် (၅၀)ကျော်ပြီ
ဒါ အလွန်ဆုံး ကုန်မှ ၂ထောင်ပေါ့ ”
“ ကျွန်တော် ၀ယ်လာတာ ဒီရေမှုတ်ကို ၀ယ်လာတယ်လို့ ဦးလေးထင်လို့လား ”
“ အေးပေါ့ကွာ အဆင်ပြေနေတော့ ပိုက်ဆံကို ပိုက်ဆံလို့ ထင်တဲ့ကောင်တွေ မှ မဟုတ်တာ ဖြုန်းကြပေါ့ ”
“ ဟုတ်ကဲ့ ဦလေး ”

.............

“ ဟေ့ကောင် ရွာက ဘုန်းကြီးက မင်းကို တင်းတောင်းခွဲတောင်း၊စိတ်တောင်း၊ ပြည်တောင်းတွေရော လက်ဆောင်ပေးလိုက်တယ် ကွ ”
“ ဟာ ... ငါက ဘာလုပ်ရ မှာလဲ ”
“ မသိဘူးလေကွာ မင်းကရွာသားဆိုတော့ ရေမှုတ်တွေယောက်ချိုတွေတောင်စုနေတယ်ကြားတာနဲ့ ပေးလိုက်တာပဲ ။ ရေမှုတ်ကတော့ ကုဋီထဲက ဟာမိုလို့ မပေးလိုက်တော့ဘူးတဲ့ ”
“ ဟင်း .... ငါ့အတတ်နဲ့ ငါစူးတာပါကွာ ”
..................

“ဟေ့လူ .... ကျနော် အိုးဘိုထောင်ထဲက လုပ်တဲ့ အိုးတွေ တရုတ်ပြည်သွင်းတာဗျာ ၊ အခု တရုတ်ကလည်း မ၀ယ်ဘူး ။ဆိုးတာက တရုတ်ဂိတ်က သူတို့ရှေးဟောင်းအိုးတွေပါဆိုပြီး မြန်မာပြည်ဘက် ပေးမထွက်ပြန်ဘူး အဲဒါ ဂိုဒေါင်ထဲ ပိတ်မိနေလို့ ၀ယ်ပါဦးဗျ။ ခင်ဗျာ က အန်းဒိတ်တွေ စုတတ်တော့ ခင်ဗျားမှ အားမပေးရင် ကျနော် ဘယ်လိုလုပ်ရ မှန်းမသိလို့ပါ ၊ လျော့ပေးပါ့မယ်ဗျ ”
“ ဆရာရယ် ...... ... ”
“ ....x ...... x ... x ..... ”
“ ကဲဗျာ ... ပေးချင်တဲ့ အချိန်မှ ပေးပါ ... အလုံး ၅၀ ထားခဲ့မယ်ဗျာ ”
“ ဟင် .... ခင်ဗျားကလည်း အလုံး ၅၀ ကြီး ဘာလုပ်ရ မှာလဲဗျ ”
“ ခင်ဗျား ကြည့်ကျက်ပြီး လုပ်လိုက်ပါဗျာ နှော ”

...............................................
ကဲ ဗျာ .... ကျွန်တော့် ရူးသွပ်မှုတစ်ခု အတွက် ပြဿနာတက်ခဲ့ရတဲ့ ဒီ ရေမှုတ်ကို ဘယ်သူ့မှလည်း ရှင်းမပြချင်တော့ပါဘူး ။နောက်ပြီး ခင်ဗျားတို့လည်း ဒီရေမှုတ်ကို ကြည့်ချင်ကြလိမ့်မယ် ။
ဘယ်လို မြင်လည်းဆိုတာလေးလည်း အပျင်းပြေ ပြောပြပေးသွားကြပါဦး ခင်ဗျ ။

Gallary 65 မှာ ကိုစိုးဝင်းငြိမ်းတို့ လုပ်တဲ့ ပထမဆုံး Save The Ayarwaddy ပြပွဲမှ
ကိုဇော်ထူးအောင်ရဲ့ Installation art

 

ဘိုဟန်
 Friday, September 7, 2012 at 12:33am

No comments:

Post a Comment