Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

အစ်ကို

တစ်နေ့ကျတော့
စာသင်ခန်းထဲမှာ ဆရာမက
ကျောင်းသားလေးတစ်ယောက်ကို ထခိုင်းပြီး
မေးခွန်းတစ်ခုမေးတယ်
“မင်းကြီးလာရင် ဘာဖြစ်ချင်သလဲ”တဲ့
ကျောင်းသားလေးက ထရပ်ပြီး
ဆရာမကို အကြာကြီး စိုက်ကြည့်နေတယ်။
ပြီးမှ လေသံတိုးတိုးနဲ့ ဖြေလိုက်ရဲ့
(နားထောင်စမ်းပါ)
“ကျွန်တော်ဟာ ခြေတစ်ဖက်ဆာနေတဲ့ ကောင်လေးတစ်ယောက်
ဖြစ်ချင်ပါတယ်”တဲ့
ဆရာမက တအံ့တသြနဲ့
ကျောင်းသားလေးကို ကြည့်ကာ
ဘာဖြစ်လို့လဲ သားတဲ့ ထပ်ပြီးမေးလိုက်ပေါ့
ဒီတော့ ကျောင်းသားလေးက
အရည်လဲ့နေတဲ့ မျက်လုံးအစုံကို ပုတ်ခတ်ပြီး
ဦးခေါင်းကိုငုံ့ကာ
ဆရာမကြားနိုင်ရုံ တိုးတိုးလေး ပြောလိုက်တယ်
“ကျွန်တော့်ညီမလေးက ခြေတစ်ဖက် မသန်ဘူးဆရာမ” တဲ့။

နေမျိုး
(ရုပ်ရှင်တေးကဗျာ – အောက်တိုဘာ၊ ၂၀၀၁)

No comments:

Post a Comment