ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Monday, April 22, 2013
ကျွန်မပြောချင်တာက
ဘာလို့ မီးဖိုချောင်ထဲ မောင်းထည့်ချင်ရတာလဲ ကျွန်မက ဟင်းခတ် အမွှေးအကြိုင်မိုလို့လား ။
ဘာလို့ဘောလုံးတစ်လုံးလိုတည်
ဝိုင်းကန်ချင်ရတာလဲ
ကျွန်မက ဘောလုံးမဟုတ်ဖူးလေ
ဘောလုံးထဲက လေ
လေမရှိရင် ရှင်တို့တသက်လုံး '' လေ "သွားမှာပေါ့ ။ မသိဘူးလား ။
ကျွန်မက
ဖိနပ်မပါလည်း ဖျော်ဖြေတတ်ပါတယ် ၊
ကျောင်းသွားကြိုရဲတယ် ၊
ဆားတွင်းတွေဆီ လမ်းလျှောက်နိုင်တယ် ၊
မိုင်းတွင်းတွေရှိရာဆီကိုလည်းပဲပေါ့ ၊
ကျွန်မအလုပ် ကျွန်မလုပ်နေတုန်း
ကျွန်မဘယ်တုန်းက ရှုးဖိနပ်နဲ့ အပေါက်ခံရဘူးလို့လဲ ၊
ဟုတ်ကဲ့
ကျွန်မ ရှာကီယာ လေ
တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ
'' ၀ါကာဝါကာ" သီချင်းနဲ့ ကမ္ဘာကိုဖမ်းစားကျော်ကြားခဲ့သူပေါ့ ။
ဟုတ်ကဲ့
ကျွန်မ လီနာပါ
ပြင်သစ်အိုးပင်းတင်းနစ်ချန်ပီယံပြိုင်ပွဲမှာ ချန်ပီယံဆုနဲ့
အာရှဂုဏ်ဆောင်ဗိုလ်စွဲအောင်မြင်ခဲ့သူပေါ့ ။
ဟုတ်ကဲ့
ကျွန်မ ဆာဝါပါ
ဂျာမဏီ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ဆုဖလားအပြင် ရွှေဖိနပ်နဲ့ပါ ထင်ရှားခဲ့သူပေါ့ ။
ဟုတ်ကဲ့ပါ
ကျွန်မက ယင်လက်ရှင်နာဝပ်ပါ
ငယ်ငယ်က ဘင်ခရာတီးခဲ့သလို
ခုလည်းတိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ သာယာနာပျော်ဖွယ်ဖြစ်အောင် တီးခတ်ဖို့
စိန်ခေါ်မှုတွေနဲ့ စင်ပေါ်ရောက်ခဲ့သူပါ ။
ဟုတ်ကဲ့
ကျွန်မနာမည်
ကျွန်မနာမည်
ကျွန်မနာမည်
ဒါနဲ့များ ရှင်က ကျွန်မကို ဘာလို့
မီးဖိုချောင်ထဲမောင်းသွင်း ကြွက်မောင်းခိုင်းချင်ရတာလဲ ။
ကလစ်တစ်ချက်နှိပ်လိုက်ရုံနဲ့
ကမ္ဘာကြီးက ရှင့်ရှေ့ ရောက်နေပြီ ၊
ရောက်လာတဲ့ ကမ္ဘာကြီးထဲကနေ
မိန်းမတစ်ယောက် ရှင့်ကိုမိန့်ခွန်းတွေပြောနေပြီ
ကြောက်စရာအတွေးအခေါ်ကြီး ဘေး ခဏချ
ကျွန်မကို သေနတ်တစ်လက် ဒါမှမဟုတ် နှင်းဆီတစ်ပွင့်မြန်မြန်ပေးစမ်းပါ
တစ်ကိုယ်လုံး တစ်ကမ္ဘာလုံး ရွဲသွားအောင်
ခေါင်းပေါ်တည့်တည့်က ပျော်စရာ ရွှင်စရာတွေပစ်ချပေးမလို့ ၊
ရှင်သိထားဖို့က
အနည်းဆုံး မိန်းမတစ်ယောက်သာပါပစေ
ပျက်သွားတဲ့ ကမ္ဘာကိုပြန်စလို့ရတယ် ။ ။
လှိုင်းသစ်
အောက်တိုဘာ ၂၀၁၂
Subscribe to:
Post Comments (Atom)
No comments:
Post a Comment