Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ကျွန်မ သမီး ကို ၀မ် ၁၀၀ နဲ့ ၀ယ်ကြပါ

ကျွန်မ သမီး ကို ၀မ် ၁၀၀ နဲ့ ၀ယ်ကြပါ

( I am Selling My Daughter for 100 Won)

အရိုးပေါ် အရေတင်လို့။ ဈေးလည်ခေါင်မှာ
သူမ ရပ်နေတယ်
စာတန်းကို ရင်ပတ်ပေါ် ချိတ်ထားတယ်
"ကျွန်မ သမီး ကို ၀မ် ၁၀၀ နဲ့ ၀ယ်ကြပါ"
ဘေးမှာ သမီးငယ်လေးဟာ ရပ်လို့။

သူမ ဟာ ဆွံ့ အ နားမကြား။
လူတွေဟာ သမီးလေး ကို တစ်လှည့်
အမေ ကို တစ်လှည့် ကြည့်ကြတယ်။
မိခင်ဖြစ်ပြီး သမီးရင်း ကို ရောင်းရသလား
သူမ ကို ၀ိုင်းဝန်းဆဲဆိုကြတယ်
သူမကတော့ မျက်လွှာချလို့
မျက်ရည်တွေလည်း ကုန်ခမ်းသွားပါပြီ။
အမေ့ စကတ်ရှည်ကို ဆွဲပြီး သမီးလေးဟာ

"အမေ့ မှာ ရောဂါရှိတယ်။ မကြာခင်
အမေ သေတော့မှာ" လို့ ပြောပြီး
ငိုရှာတယ်။

သူမရဲ့ နှုတ်ခမ်းတွေဟာ တဆတ်ဆတ်နဲ့။
စစ်သားတစ်ယောက်ရောက်လာတယ်။
သူမလက်ထဲ ၀မ် ၁၀၀ တစ်ရွက် ထိုးထည့်လိုက်တယ်

"ခင်ဗျားရဲ့ သမီးကို ၀ယ်တာမဟုတ်ဘူး
ခင်ဗျားရဲ့ မိခင်စိတ်ကို ၀ယ်လိုက်တာဖြစ်တယ်" ။
သူမဟာ ကျေးဇူးတရားကို နားမလည်ဘူး
ပိုက်ဆံကို ကျစ်ကျစ်ဆုပ်ပြီး ထွက်ပြေးသွားတော့တယ်။

သူမဟာ မိခင်တစ်ယောက်ပါ။
ဝမ် ၁၀၀ နဲ့ ပေါင်မုန့်တစ်လုံးပြေးဝယ်ပြီး
သမီးလေးဆီ ပြန်ရောက်လာခဲ့တယ်။
ပေါင်မုန့်ကို ဖဲ့ပြီး
သမီးလေးရဲ့ ပါးစပ်ထဲ ထည့်သွင်းတယ်။

"အမေ့ကို ခွင့်လွှတ်ပါ၊ သမီးရယ်"
ဈေးလည်ခေါင်မှာ သူမ ရပ်ပြီး
ငိုကြွေးပါတော့တယ်။ ။

မြောက်ကိုရီးယား မှ ကဗျာဆရာ ဂျန်ဂျင်ဆွန်း ( Jang Jin-Sung)

လုံးချင်းကဗျာစာအုပ် ဖြစ်သော "I Sell My Daughter for 100 Won"
"ကျွန်မ သမီး ကို ၀မ် ၁၀၀ နဲ့ ရောင်းပါတယ်" ( ၂၀၀၈ ) မှ ခေါင်းစဉ်ကဗျာ

(အောင်ချိမ့် နှင့် ကဗျာလောက စုစည်းမှု (၂) စာအုပ် မှ )
 https://www.facebook.com/ma.ei.1460/posts/279549415513737?comment_id=1276448&notif_t=like ကူးယူပါသည် ။

No comments:

Post a Comment