Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ပုံပြင်


ရွှေယုံနဲ့ရွှေကျား သက်ကယ်ရိတ်တယ်ပေါ့ကွယ် ။
မနေ့ကလည်း ဒီပုံပြင်
ဒီနေ့လည်း ဒီပုံပြင်
မေမေရယ် သားသိပါတယ်
နောက်ဆုံးတော့လည်း
နွားချေး နဲ့ သလဲ ပါပဲ ။


ဘိုဟန်

No comments:

Post a Comment