Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

အယူသီးမှုများ



ဟောဗျာ …
ဆင်ဖြူကြီးက ပေါ်လာ
ဇောင်းပါတိတ်အပြဲကို ဖာထားတဲ့ အဆင်နဲ့
အလံအသစ်တွေကလည်း ပေါ်လာ …။ တချို့က သိပ်အယူသီးတယ်
အဲဒီအယူသီးကြသူကြီးများ
ဘယ်လောက်အယူသီးသလဲဆို
နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်လို့တောင်
ကိုယ့်ခြေထောက်ကိုယ်
ခါးခါးသီးသီး အပြစ်တင်တဲ့အထိ အယူသီးတယ်။
ဒါပေမယ့် အဲဒီခြေထောက်တွေလည်း
ဘယ်တော့မှ နောက်မကျခဲ့ကြပါဘူး
ပြေးဟေ့ဆို ရှေ့ဆုံးက
စားပေါက်ဆို ရှေ့ဆုံးက
အခွင့်အရေးဆို ရှေ့ဆုံးက …။
ကဲ … အယူသီးကြသူတို့ရဲ့ နိုင်ငံတော်
ထမီအသစ်ကြီးလဲ ကြယ်ပုံအဖာကြီးနဲ့ဖြစ်လို့
တိုင်ထိပ်ပေါ်က မုန်တိုင်းခေါ် …။ ။

ကိုမွှေး

No comments:

Post a Comment