Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

“ ပြပွဲ ”


နံရံမှာ နာမည်တစ်ခုတပ်ပြီး ချိတ်ဆွဲလိုက်ပါပြီ ။

အလွှာစုံ စရိုက်စုံ ဆလိုက်မီးအလင်းအမှောင်မှာ
ရွက်ထားတဲ့ရေအိုးဟာ အိုးမော်ဒယ်လ်
မောင်းနှင်နေရတာက နွားလှည်း ၊ အင်ကျီမှာ ဖာထေးရာဗလပွနဲ့မှ သဘာဝဆိုပဲ
လက်လုပ်လက်စားမှ မြန်မာရနံ့ရသတဲ့
ဂျူး ရဲ့ ရာဇ၀င်ထဲမှာ ထားရစ်ခဲ့ ရောင်အားပြန်ကောင်းနေတယ် ။

တောရိပ်တောင်ရိပ်မှာ စစ်သည်တော်တွေကိုထည့်မရေးနဲ့
မြေပုံမှာ အနီရောင်အစက်အပျေက်တွေသိပ်မသုံးနဲ့

ကြက်ဖကြီးရဲ့ အတက်က တအားချွန် ၊ သာလိကာမလေး အညောင်းမိနေသလား

ပုဂံကိုပြလိုက်ရင်  မြန်မာမှန်းသိစေတဲ့ကား၊ တဲနဲ့ပဏာတင့် လိုက်တာ ။

ဘ၀တွေ လင်းလာလိုက် မှောင်သွားလိုက်
ဒုက္ခအရောင်စုံ မျက်စိတဆုံး ပွတ်သတ်ကြည့်
စာနာမှုမှာ စိတ်အဆာပြေ လူးလာခေါက်တုံ့ကြည့်
ပြီးမှ လက်မှတ်တွေ လူမှတ်ပြီး တအံတသြဈေးကစားကြ

စကားလုံးတွေ  ပါကင်ပိတ်လေယဉ်ပျံကြီးနဲ့ ပြန်သွားကြပါတယ် ။

သက်ပြင်းချသံ နားငြီးရုံသက်သက်တ၀ီဝီလည်နေသောပန်ကာ

ညွှန်းဆိုဖွဲ့နွဲ့ပြနေသော ပရိုဂျက်တာ က ဆက်လက်ညွှန်းဆိုနေဆဲ ........

ခန်းမအတွင်း မရိုးနိုင်သော မြန်မာ့တေးသွားက မြနန္ဒာ  ........ ။

ကျွန်တော်တို့ အားလုံးဟာ ဘောင်ကြတ်ထားသော

ပန်းချီကားအတွင်းမှ ဇာတ်ကောင်တွေ အဖြစ် ဆက်လက် အသုံးတော်ခံနေလျက်ပါ။

 ဘိုဟန်
  Saturday, June 9, 2012 at 3:05am

No comments:

Post a Comment