Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ဝေစု

လမ်းထောင့်မှာ
ရပ်နေရှာတယ်
သစ်ပင်နဲ့ သစ်ရိပ်မှာ သူမဟာ ရောနှောလို့။

ပျံလွှားငှက်တွေ ကောင်းကင်ပေါ်လူးလာ
ချစ်ခြင်းမေတ္တာနဲ့ နည်းပါးတဲ့ မျှော်လင့်ချက်များ
မထုံတက်တေး မြင်တွေ့လေခဲ့
မိုးချုပ်တော့မယ်. . .တဲ့။

အမျိုးသမီးရေ
ငါ့အမျိုးသမီးရေ
လောကကြီးဟာ ဇာတ်လမ်းဇာတ်ကွက် ကြွယ်ဝလှတယ်
ငါတို့က စီးဆင်းကြရမြဲပဲကွယ်။

အားလုံးပဲ ပျော်ရွှင်မှုရပါစေ
မနာလိုမရှိပါဘူး။

ဖန်လာပုံက
အမှားကမ်းတစ်ဖက်စီ ငါတို့နှစ်ယောက်သား
ဒီတစ်ချီလည်း တင်းထားကြဦးစို့။ ။

အောင်ချိမ့်

No comments:

Post a Comment